" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ၿမိဳ. Show all posts
Showing posts with label ၿမိဳ. Show all posts

Monday, April 1, 2019

အမြောက်ဆံထိမှန်၍ ဒဏ်ရာရရှိသွားခဲ့သည့် မြိုလူ ငယ်နှစ်ဦး ဆေးရုံသို့ ပို့ဆောင်

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ဧပြီ ၁

အမြောက်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် ဖက်ဝန်းချောင်းကျေးရွာမှ မြိုတိုင်းရင်းသား နှစ်ဦးကို ကျောက်တော်မြိုနယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ထိုအထဲမှာ မောင်မန်းထူးဆိုသည့် အသက် ၁၅ နှစ် အရွယ် ကလေးမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်မြို့နယ် ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင် လိုက် ရသည်ဟု သတင်းရရှိသည်။

Monday, January 21, 2019

မြိုတိုင်းရင်းသားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးထွန်းနု ကို ပြီးခဲ့တဲ့နှစ်ရက်လောက်က အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ တယ်လို့ မြိုတိုင်းရင်းသားတွေက ပြောပါတယ်။

Wednesday, January 16, 2019

မောင်​​တောမြောက်​ပိုင်းတွင် လက်​နက်​ကြီးကျပြီး လူငယ် ၂ ဦးဒဏ်ရာရ


ရခိုင်ပြည်နယ်၊ မောင်​​တောမြို့နယ်​​မြောက်​ပိုင်း ရန်​​အောင်​မြင်​​ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်း က လက်​နက်​ကြီးကျပြီး ​နေအိမ်​တလုံး မီး​လောင်ကာ ဒိုင်း​နက်​လူမျိုး​ ရွာသား ၂ ဦး ဒဏ်​ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Monday, January 14, 2019

AA နဲ့ တပ်မတော် တိုက်ပွဲဖြစ်လို့ မြိုတိုင်းရင်းသား ၃၀၀ နီးပါး ထွက်ပြေး

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးကြတဲ့ မြိုတိုင်းရင်းသားတွေကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က သရက်ပြင်ကျေးရွာအုပ်စု အလယ်ချောင်း ခမီရွာသစ် အနီးမှာ ဒီနေ့ မနက် ပိုင်းက ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံမြို တိုင်းရင်းသား ၃၀၀ နီးပါးဟာ နေအိမ်တွေစွန့်ခွါထွက်ပြေးနေရတယ်လို့ သိရပါတယ်။ မနက်ပိုင်းမှာ ပစ်ခတ် သံတွေ ကြားတာကြောင့် ဘာပစ္စည်းမှမယူနိုင်ဘဲ သရက်ပြင်ကျေးရွာကို ထွက်ပြေးကြတယ်လို့ အလယ် ချောင်း ခမီရွာသစ်က ကိုကျော်ကျော်နိုင် က  ပြောပါတယ်။

Wednesday, April 4, 2018

(04.04.2018 ) ဟင်းစားရှာ ထွက်သော မြိုတိုင်း ရင်းသူ အမျိုးသမီး တစ်ဦး အသတ်ခံရ ( အင်္ဂလိပ် - မြန်မာ )

ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အသတ်ခံရ

ဧပြီ ၄၊ ၂၀၁၈

ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */