" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လက်ထောက်နိုင်ငံခြားရေးဝန်ကြီး. Show all posts
Showing posts with label လက်ထောက်နိုင်ငံခြားရေးဝန်ကြီး. Show all posts

Wednesday, October 30, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်း
နေပြည်တော်
အောက်တိုဘာ ၂၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံ ခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

Monday, October 28, 2019

ရိုဟင်ဂျာကလေးသောင်းချီ အနာဂတ်မဲ့နေကြောင်း ကန်ဝန် ကြီးကိုတင်ပြ

လွတ်လပ်တဲ့ အာရှအသံ ( RFA ) 
မိုးမြင့်
2019-10-28
အမေရိကန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ဒေးဗစ်စတေးဝဲလ် David Stilwell ကို တွေ့ရစဉ်
Photo: ASSOCIATED PRESS 

အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ် David Stilwell ဟာ ဒီနေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရပ်ဖက်အဖွဲ့အစည်း၊ ရိုဟင်ဂျာလူမှုအသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေးဗစ်စတေးဝဲလ် David Stilwell နဲ့ ဒီနေ့တွေ့ဆုံခဲ့ရာမှာပါဝင်တဲ့ ရိုဟင်ဂျာ သက်ကယ်ပြင်စခန်းက ဦးအေး မောင်ကတော့ သူတို့အနေနဲ့ ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ခံထားရတာ အခုဆိုရင် ခုနှစ်နှစ်ပြည့် သွားပြီ ဖြစ်ကြောင်းနဲ့ ကလေးတွေရဲ့ အနာဂတ် ပျောက်ဆုံးနေတဲ့အကြောင်းကို တင်ပြခဲ့တယ်လို့ RFA ကို ပြော ပါတယ်။

Monday, August 19, 2019

ကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Singh မြန်မာနိုင်ငံရောက်ရှိ

၂၀၁၉ ဇွန်လ ၅ ရက်နေ့တုန်းက ကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Singh က GES ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် (photo- EconDiplomacy@State) 


အမေရိကန်နဲ့ မြန်မာ ကုန်သွယ်စီးပွားရေးမြှင့်တင်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Manisha Singh မနီရှာဆင်း ဟာ သြဂုတ်လ ၁၆- ၂၁ ရက်နေ့ထိ ငါးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */