" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အတိုက်အခိုင်. Show all posts
Showing posts with label အတိုက်အခိုင်. Show all posts

Thursday, November 9, 2023

အစ္စရေး ဂါဇာစစ်ဆင်ရေး နေ့စဉ်လေးနာရီကြာ ရပ်ဆိုင်း ပေးမည်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၀ နိုဝင်ဘာ၊ ၂၀၂၃ 

ဂါဇာကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)

အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို အခုကြာသပတေးနေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာမြို့မှာ ဟားမတ်စစ်သွေးကြွတွေကို စစ်ဆင်တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းအရပ်သားအများအပြား အဲဒီဒေသကနေ စွန့်ခွာနေကြရတာပါ။ ဒီအချိန်မှာပဲ အစ္စရေး ဘက်က တနေ့လေးနာရီ အပစ်ရပ်ထားမယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်တာပါ။ ဒီလို ခဏတာ အပစ်ရပ်ပေးလိုက်တာ ကြောင့် လူသားစာနာမှုလမ်းကြောင်းတွေကို သုံးပြီး ပါလက်စတိုင်းတွေရှောင်တိမ်းထွက်ခွာဖို့အချိန် ရမှာဖြစ်တယ်လို့လည်း John Kirby က ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */