Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Thursday, January 14, 2021

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝ သစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေကြောင်းခရီး

B B C

ဘီဘီစီ မြန်မာပိုင်း

2020 Jan 14



ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝသစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေ ကြောင်း ခရီးနဲ့ မလေးရှားကိုသွားခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာသူတို့ ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။ Source : BBC Facebook

Monday, December 28, 2020

နောက်ထပ်ရိုဟင်ဂျာ ၁၀၀၀ ကို ကျွန်းတစ်ကျွန်းဆီပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်နေ

SBS မြန်မာ
28.12.2020

Bangladesh is set to move a second batch of Rohingya refugees from neighbouring Myanmar to the remote island of Bhasan Char. Source: Anadolu


ဒီလ အစောပိုင်းတုန်းကပဲ ရိုဟင်ဂျာ အယောက်ပေါင်း ၁၆၀၀ ကို အဲဒီကျွန်းဆီပို့ဆောင်ခဲ့တာဖြစ်ပြီး နောက် ထပ် အယောက် ၁၀၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း ပို့ဆောင်ဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမည်မဖော် လိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေကို စစ်တကောင်းကို အရင်ပို့ဆောင်ပြီးမှ ဒီရေအတက်အကျအပေါ် မူတည်ပြီး Bhasan Char ကျွန်း ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။

Friday, December 4, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်း သီတဲ့ ဘာဆန်ချာကျွန်းသို့ ပို့ဆောင်

VOM

ဒါကာ၊ ဒီဇင်ဘာ ၄-၂၀၂၀
မျိုးဆက် (VOM)

Photo: Reuters 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင် သီတဲ့ ဘာဆန်ချာကျွန်းကို နိုင်ငံတောင်ပိုင် စစ်တကောင်းဆိပ်ကမ်းကနေ ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရေ တပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီလိုရွှေ့ပြောင်းပေးရာမှာ ကျွန်းပေါ်ကိုသွားရောက်နေထိုင်ဖို့ဆန္ဒရှိသူတွေသာ ပါဝင်ပြီး ဒီလိုလုပ်ဆောင် လိုက် တဲ့အတွက် မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်း တွေမှာ လူဦးရေကြပ်တည်းနေမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကဆိုပါတယ်။

Tuesday, April 9, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေ အစည်းအဝေး အချက် ၁၁ ချက် သဘောတူ

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုဝင်းကိုကိုလတ်
2019-04-09
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေ အစည်းအဝေးကို ၂၀၁၉ ဧပြီ ၈ ရက်နေ့ကစတင်ကျင်းပခဲ့စဉ် 

 အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု တားဆီးရေးနဲ့ မူးယစ်ဆေးဝါး တားဆီးရေး အပါအ၀င် အချက် ၁၁ ချက်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့တွေအကြား အဆင့် မြင့်အရာရှိကြီးတွေ အစည်းအဝေးမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။

Friday, March 22, 2019

Bhashan Char ကျွန်း ပြောင်းမယ့်အရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ရတက်မအေး

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် Kutupalong ဒုက္ခသည်စခန်း ဈေးကနေ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ပြန်လာစဉ် (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhashan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရ အစီအစ ဉ်အပေါ် ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးက ကြိုဆိုလိုက်ပေမဲ့၊ ဒုက္ခသည်တွေရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောဆိုလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ဘယ်ဒုက္ခသည်ကမှ သူတို့အတွက် အ သက် အန္တရာယ်ရှိတဲ့ ကျွန်းပေါ် မပြောင်းရွှေ့ကြလိုဘူးလို့ တုန့်ပြန် ပြောဆိုလိုက်ကြပါတယ်။ လိုအပ်တဲ့ အစားအသောက်နေထိုင်မှုတွေ စီစဉ်ထားပေးမယ်လို့ဆိုပေမဲ့ အသက်ဘေးရန်ကြောက်လို့ မြန်မာပြည်က ထွက်ပြေးလာကြတဲ့သူတို့အတွက် ဘေးထပ်ဖြစ်နိုင်မယ့် နေရာကို မသွားလိုကြသလို လူသားတဦးချင်းစီရဲ့ လူ့တန်ဖိုးကို လေးစားစေလိုပါတယ်လို့ ဆိုပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

UNHCR လက်ထောက်မဟာမင်းကြီး Volker Türk ရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-21


 UNHCR လက်ထောက်မဟာမင်းကြီး Volker Türk ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့စဉ်။
Photo: UNHCR



မြန်မာနိုင်ငံကို ၂ဝ၁၇ ခုနှစ်က ရောက်လာဖူးတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက် မဟာမင်းကြီး Volker Turk ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိချိန်အတွင်း အဆင့်မြင့် ပုဂ္ဂိုလ် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Tuesday, February 26, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်လက်ခံရေး မြန်မာကို Sheik Hasina ဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)

ရိုဟင်ဂျာ မူဆလင်တွေနေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ၂နိုင်ငံ အကြား သဘော တူ ဆုံးဖြတ်ထား တဲ့အတိုင်း မြန်မာဘက်က လုပ်ဆောင်မနေဘူးလို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိခ် ဟာစီနာ ကပြောလိုက်တဲ့ အကြောင်း ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ထုတ် The Daily Star သတင်းစာမှာဖေါ်ပြ ထားပါ တယ်။

Thursday, February 21, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ၀န်ကြီးချုပ် Hasina စိုးရိမ်


VOA
ဗွီအိုအေ (မြန်မာဌာန)
မှတ်တမ်းဓာတ်ပုံ။ ဘင်္ဂလားဒေရှ့် နိုင်ငံ ကုတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ၀န်ကြီးချုပ် ဟာဆီနာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ။ 

မြန်မာဘက်က ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားပေ မယ့် ဒုက္ခသည်တွေ ဌာနေ ပြန်ရေးအတွက် သင့်လျော်တဲ့ ဝန်းကျင်ဖန်တီးပေးဖို့ ပျက်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။

Saturday, February 16, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူးယစ်ကုန်ကူးသူ ၁၀၂ ဦး ကိုယ် တိုင်အဖမ်းခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
16 ဖေဖော်ဝါရီ၊ 2019
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင် (BGB) တဦးက ဘတ်စ်ကားစီးခရီးသည်ဆီက ဖမ်းမိတဲ့ "yaba" စိတ်ကြွဆေး တွေ Teknaf မှာ ဖမ်းမိစဉ်။ (ဧပြီ ၆၊ ၂၀၁၉)

မြန်မာနိုင်ငံအနောက်ဘက် အိမ်နီးချင်း Bangladesh နိုင်ငံမှာ စိတ်ကြွဈေးရောင်းဝယ်ဖောက်ကားသူ ၁၀၂ ဦး အစိုးရဆီမှာ လာပြီးအဖမ်းခံခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကလို ဖမ်းမိရင် သတ်ခံရနိုင်တဲ့ မူးယစ်ဆေးစစ် ဆင်ရေးမျိုး လုပ်မှာ ကြောက်လို့ သက်ဆိုင်ရာနဲ့ ကြိုညှိနှိုင်းပြီး ဒီကနေ့ လာပြီး လက်နက်ချကြတာဖြစ် တယ် လို့ အရာရှိတွေ က ပြောပါတယ်။ Bangladesh နိုင်ငံမှာက ယာဘစိတ်ကြွဆေးသုံးစွဲမှု တိုးလာပြီးတဲ့နောက် အစိုးရက အခုလို မူးယစ်ဆေးနိုမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */