" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရက်ကြေညာ. Show all posts
Showing posts with label ရက်ကြေညာ. Show all posts

Wednesday, January 29, 2020

မြန်မာ-ဂမ်ဘီယာအမှု ICJ ကြားနာရက် ကြေညာ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇန်နဝါရီ၊ 2020 
ဇန်န၀ါရီ ၂၃ ရက်နေ့က မြန်မာ-ဂမ်ဘီယာအမှု ကြားနာ


ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုအတွက် ၂ ဖက် ကနဦးလျှောက်ထားချက်တွေပေးဖို့ ICJ တရားရုံးက သတ်မှတ်လိုက်ပါတယ်။

ဂမ်ဘီယာဘက်က အမှုအတွက် အခုနှစ် ဂျူလိုင် ၂၃ ရက်နေ့မှာ စတင်လျှောက်ထားရမှာဖြစ်ပြီး မြန်မာနိုင် ငံဘက်က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ချေပလျှောက်ထားချက်ပေးရမယ်လို့ တရားရုံးထုတ် ပြန် ချက်မှာဖော်ပြထားပါတယ်။

အိုင်စီဂျေ - မြန်မာ ပြန်လှန်လျှောက်လဲချက် တင်ရမယ့်ရက် ကြေညာ


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.29
နိုင်ငံတကာ တရားရုံးမှာ မြန်မာဘက်က ချေပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဂျီနိုဆိုက် ကွန်ဗန်းရှင်း ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို စွပ်စွဲထားတဲ့အမှုအတွက် နှစ်ဖက် အပြန် အလှန် ကနဦး လျှောက်လဲချက်တွေ တင်ရမယ့်ရက်ကို ICJ က ဇန်နဝါရီ ၂၈ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ က နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့ အမှုအတွက် ဂမ်ဘီယာက လျှောက်လဲချက် တင် ရမယ့်ရက်အဖြစ် အခုနှစ် ဇူလိုင် ၂၃ ရက်ကို သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ပြန်လှန်လျှောက်လဲချက်ကို အချိန် ခြောက်လ ခွာထားပြီး ၂၀၂၁ ဇန်နဝါရီ ၂၅ ရက်မှာ တင်ရမှာ ဖြစ်ပါတယ်။


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */