အမေရိကန်နိုင်ငံခြားရေးဌာန အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းဝန်ကြီး Uzra Zeya (ယခင်မှတ်တမ်းဓာတ်ပုံ)
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့တခြားဒေသက လူမှုအသိုက်အဝန်းတွေအတွက်အကူအညီသစ် ဒေါ်လာ ၁၁၉ သန်းနီးပါး ပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပရာ ဘေးနံပန်း ရိုဟင်ဂျာအရေး အဆင့်မြင့်ကိုယ်စားလှယ်အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဌာန အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းဝန်ကြီး Uzra Zeya က အခုလိုအထောက်အပံ့အစီအစဉ်ကို ကြေညာသွားတာပါ။