Showing posts with label နေရပ်စွန့်ခွာ. Show all posts
Showing posts with label နေရပ်စွန့်ခွာ. Show all posts

Sunday, April 24, 2022

ရခိုင်ပြည်နယ်ထဲက နေရပ်စွန့်ခွာနေကြတဲ့ မွတ်ဆလင်များ

BBC
၁၈ ဧပြီ ၂၀၂၂

ဧပြီလတစ်လတည်းမှာပင် အမ်းမြို့နယ်အတွင်းမှာ သုံးကြိမ်အထိဖမ်းဆီးခံခဲ့ကြရ


ရခိုင်ပြည်နယ်အတွင်းကနေ ရန်ကုန်နဲ့ ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာနေကြတဲ့ မွတ်ဆလင်တွေ မကြာ ခဏဆိုသလို ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။


အခု ဧပြီလ တစ်လတည်းမှာကိုပဲ သုံးကြိမ်ထိ အမ်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။ ဧပြီ ၁ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး၊ ၁၁ ရက်နေ့က ရွာသာယာ ကျေး ရွာအနီးမှာ အမျိုးသမီး ၂ ဦး၊ ၁၄ ရက်နေ့က တောင်စောက်ကျေးရွာအနီးမှာ အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

Monday, May 18, 2020

ကိုဗစ် ၁၉ တုန့်ပြန်အရေးယူမှု၌ နေရပ်စွန့်ခွာသူများကိုချန် ထားဟုဆို


Frontier
MYANMAR
Sunday, May 17, 2020
ကျော်လင်းထွန်း ရေးသားသည်။
စခန်းများ၌ ပြည့်ကျပ်နေသည့်အခြေအနေများ၊ ညံ့ဖျင်းသောဝန်ဆောင်မှုများနှင့် ဆက်သွယ်မှုနှင့် လှုပ်ရှားမှု များ တွင် ကန့်သတ်ချက်များရှိနေ၍ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရသူများမှာ ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်ရာ တွင် အခြားသူများထက်ပို၍ ခုခံနိုင်စွမ်းအားကျဆင်းလျက်ရှိသည်။
 
ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိလူတိုင်းနီးပါးမှာ တနည်းမဟုတ်တနည်း ထိခိုက်ခံရသည် မှန် သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာရပြီး ပြည့်ကျပ်နေသောစခန်းများတွင် နေရသူ များ မှာ ဗိုင်းရပ်စ်ပိုး၏ခြိမ်းခြောက်မှုကို ပိုမိုခံစားနေရသည်။

Tuesday, September 10, 2019

DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အေခြေအေ န မှာ ပြန်လာမလဲ?" ( Part A,B,C )

DVB Debate
Sep 9, 2019

DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အခြေအနေမှာ ပြန်လာမလဲ?" (Part A ) 
<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>
DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အခြေအနေမှာ ပြန်လာမလဲ?" (Part  B )

 
 <><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><

  DVB Debate:"နေရပ် စွန့်ခွာသူတွေ ဘယ်အခြေအနေမှာ ပြန်လာမလဲ?" (Part  C )

Wednesday, May 29, 2019

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာ့အလင်း
နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

Friday, January 25, 2019

နေရပ်စွန့်ခွာထွက်ပြေးသွားသည့် ဘင်္ဂါလီများကို စံပြုရွာ ၄၁ ရွာတွင် နေရာချပေးမည်

DVB
25 January 2019 
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီတွေ ပြန်လည်ဝင်ရောက်လာပါက စုစည်းနေရာ စံပြုရွာ ၄၁ ရွာမှာ နေရာ ချပေးသွားမယ်လို့ မောင်တောခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */