" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Masud Bin Momen. Show all posts
Showing posts with label Masud Bin Momen. Show all posts

Saturday, March 16, 2024

ရိုဟင်ဂျာတွေ သူတို့ လူမှုအသိုက်အဝန်းနဲ့ တသားထဲဖြစ်ရေး ဘင်္ဂလားဒေ့ရှ် ပယ်ချ

VOA
ဗွီအိုအေ (မြန်မာဌာန
၁၅ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Sabang ကျွန်းကို ရေကြောင်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှုအသိုင်းအဝိုင်းတွေထဲမှာ တသားထဲဖြစ်စေရေး အကြုံပြုချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ပယ်ချခဲ့ပါတယ်။

Friday, August 11, 2023

ရိုဟင်ဂျာအကျပ်အတည်းဖြေရှင်းရေး ပြစ်မှုကျူးလွန်သူတွေ အရေးယူဖို့လိုအပ်

VOA
ဗွီအိုအေ (မြန်မာပိုင်း
၁၁ ဩဂုတ်၊ ၂၀၂၃

ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံတကာအကူအညီတွေခိုင်မာအားကောင်းဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး၀န်ကြီး Masud Bin Momen က တိုက်တွန်းလိုက်ပါတယ်။ OIC အစ္စလမ်မစ်နိုင်ငံများပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ နဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ပူးပေါင်းကိုယ်စားလှယ်အဖွဲ့တို့ ဒါကာမြို့တော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီးတို့ တွေ့ဆုံပြီး ရိုဟင်ဂျာအကျပ်အတည်းဆွေးနွေးချိန်မှာ သူက အဲဒီလိုတိုက်တွန်းခဲ့တာပါ။ 

Saturday, November 23, 2019

ဒုက္ခသည် ပြန်ပို့ရေးလုပ်ငန်း ကုလသမဂ္ဂဦးဆောင်ဖို့ ဘင်္ဂ လား ဒေ့ရှ် လိုလား

VOA
ဗွီအိုအေ (မြန်မာဌာန)
23 နိုဝင်ဘာ၊ 2019
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာ မပျက် နေရပ်ပြန်နိုင်အောင် ကုလသမဂ္ဂက ဦးဆောင် ကြိုးပမ်းပေးစေလိုကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂ လားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ် Masud Bin Momen က ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပြီး ဒီအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပေမဲ့လို့ အလုပ်မဖြစ်တာကြောင့် ကုလသမဂ္ဂက ဦးဆောင်ပေးဖို့ လိုလားတာဖြစ်ကြောင်း အမြဲတမ်းကိုယ်စားလှယ် Momen က ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ သီးခြား မေးမြန်းချိန်မှာ ပြောဆိုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */