" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သက္ကေပြင်. Show all posts
Showing posts with label သက္ကေပြင်. Show all posts

Sunday, May 21, 2023

မုန်တိုင်းသင့် သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုယ်ထူ ကိုယ်ထ ပြန်ပြင်နေရ

RFA
RFA Burmese
2023.05.21
စစ်တွေမြို့မှ သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နှစ်ဦးသေဆုံးပြီး တစ်ရွာလုံးနီးပါးပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုယ်ထူကိုယ်ထနဲ့ပဲ အိမ်ပြင်ဆင်မှုတွေလုပ်နေရတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

Friday, March 10, 2023

စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည် ၃ဝကျော်ကို စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးသက်သေခံ NVC ကတ်များထုတ်ပေး

နိရ ဉ္စရာ
မတ် ၁၀/၂၀၂၃ 

                                 ဓာတ်ပုံ - ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်တွင် NVC ကတ် ထုတ်ပေးခဲ့စဉ်။ Photo - ပြန်/ဆက်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက္ကေပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ဒုက္ခသည် ၃ဝ ကျော်ကို ယမန်နေ့ မတ် လ ၉ ရက်က လ၀ကတာဝန်ရှိသူများက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်(National Verification Card - NVC)များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သက္ကေပြင်စခန်းရှိ မွတ်ဆလင်ဒုက္ခသည် အမျိုးသားနှင့် အမျိုးသမီး၊ စုစုပေါင်း ၃၆ ဦးအတွက်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့ မတ်လ ၉ ရက်တွင် စခန်းသို့လာရောက်ကာ ပေး အပ်ခဲ့ခြင်းဖြစ်သည်ဟု စခန်းကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */