" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မိုင်းဗုံးပေါက်. Show all posts
Showing posts with label မိုင်းဗုံးပေါက်. Show all posts

Sunday, January 19, 2020

မင်းပြားနဲ့ ပုဏ္ဏားကျွန်းမှာ ပေါက်ကွဲမှုတွေကြောင့် အရပ် သား ကိုးယောက် ဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဖြူဖြူခိုင်
19 ဇန်နဝါရီ၊ 2020
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

ရခိုင်ပြည်နယ်မှာ သုံးရက်အတွင်း တိုက်ပွဲမရှိပေမယ့် မင်းပြားမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ မပေါက် ကွဲဘဲ ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲတာ၊ မိုင်းပေါက်ကွဲတာတွေကြောင့်အရပ်သားကိုးယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာအနီးမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲ ခဲ့တာကြောင့် ထင်းရှာတဲ့ ကလေး သုံးယောက်အပါအဝင် အရပ်သား ရှစ် ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Thursday, October 10, 2019

ရခိုင်တိုက်ပွဲ - ဘူးသီးတောင်မြို့ NLD ရုံးအနီး မိုင်းပေါက် ကွဲမှုဖြစ်

B B C
ဘီဘီစီ မြန်မာပိုင်း
10 မအောက်တိုဘာ 2019
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့ပေါ်မှာ အောက်တိုဘာ ၁၀ ရက် ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်က မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံတွေကတဆင့် သိရပါတယ်။

အဲ့ဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ပန်ဇင်းချောင်းတံတား အရှေ့ဘက် ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင် လောက် ပဲဝေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးဆောက်လုပ်နေတဲ့ နေရာအနီး လမ်းမပေါ်မှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး အဲ့ဒီလမ်းမဟာ ဘူးသီးတောင်ရှိ တပ်မ စကခ ၁၅ ကိုသွားတဲ့ လမ်းတစ်လမ်းလည်းဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */