" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အေထာက္အကူၿပဳေကာ္မီတီ. Show all posts
Showing posts with label အေထာက္အကူၿပဳေကာ္မီတီ. Show all posts

Thursday, June 20, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အ ကူပြုကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ် လွှတ်တော်၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊ အဖွဲ့ အစည်း များ၊ ပညာရှင်များ၊ မြို့မိမြို့ဖများတွေ့ဆုံ

မြန်မာ့အလင်း သတင်းစာ
စစ်တွေ ဇွန် ၁၉

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည် နယ် အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်နယ်ဥပဒေအထောက်အကူပေး ရေးအဖွဲ့ ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့ အကြုံရှိ ပညာရှင်များ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံသည်။

Friday, June 7, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အ ကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာ့အလင်း
နေပြည်တော် ဇွန် ၇

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံရေးရာကော်မတီဆောင်I- 20 ၌ ကျင်းပသည်။
အစည်း အဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယခု အစည်းအဝေးသည် နေပြည်တော်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ တတိယအကြိမ်မြောက် ညှိနှိုင်း အ စည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်သို့ ထပ်မံ နယ်မြေကွင်းဆင်းလေ့ လာ သွားရန် ရှိပါကြောင်း။

Wednesday, March 20, 2019

ရခိုင်ပြည်နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော် မတီ အပေါ် သူတို့အမြင်

ဧရာဝတီ



တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ရခိုင်ပြည် နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော်မတီ တရပ်ကို မတ်လ ၁၄ ရက် နေ့စွဲဖြင့် နိုင်ငံ တော် သမ္မတ ရုံးက ဖွဲ့စည်းခဲ့သည်။

ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက် ဖြစ်စေရန် ဖန်တီး လှုံ့ဆော် မှုများ၊ ထပ်မံ မဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဖော်ပြထား သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */