Thursday, July 31, 2025
Wednesday, March 12, 2025
ဒူတာတေးအဖမ်းခံရတာ မြန်မာစစ်ခေါင်းဆောင်ကို သတိပေးချက်ဖြစ်နိုင်ကြောင်းထောက်ပြ
RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.03.11
နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က Crime Against Humanity ဆိုတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့အလိုရှိနေတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ်လ ၁၁ ရက် အင်္ဂါနေ့က ဟောင်ကောင်ကနေအပြန် မနီလာမြို့လေဆိပ်မှာဖမ်းပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်ပါတယ်။ ICC ထုတ်ထားတဲ့ ဖမ်းဝရမ်းကိုပေးအပ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။
Friday, February 14, 2025
စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK)က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်
Saturday, January 25, 2025
ရိုဟင်ဂျာတွေအတွက်တရားမျှတမှု ငြိမ်းချမ်းရေးအတွက် အရေးကြီး (IIMM)
Tuesday, December 17, 2024
စစ်ခေါင်းဆောင် ICC အမှု တရားမျှတမှု ပိုကောင်းလာနိုင်ကြောင်း ကုလအထူးကိုယ်စားလှယ်ပြော
RFA
RFA Burmese
2024.12.17
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ ICC ရှေ့နေ ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုအတွက် အရှိန်အဟုန်တစ်ခုကို တည်ဆောက်နိုင်တယ်လို့ မြန် မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးကပြောကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Saturday, November 30, 2024
အာရှတိုက်မှာ ပထမဆုံး ဝရမ်းထုတ်ခံရတဲ့ ရာဇဝတ်ကောင် ဖြစ်သွားနိုင်တယ် (ရုပ်/သံ)
ဧရာဝတီ
နိုဝင်ဘာ ၃၀၊ ၂၀၂၄
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုရင် စစ်ခေါင်းဆောင်ဟာ အာရှတိုက်တခုလုံးရဲ့ ပထမဆုံး ဝရမ်းထုတ်ပြီး ကြေညာခံရနိုင်တဲ့ စစ်ရာဇဝတ်ကောင်ဖြစ်သွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောဆိုလိုက်ပါတယ်။
Friday, January 19, 2024
စစ်ကောင်စီရဲ့ နိုင်ငံရေးကျဆုံးခန်း
မဇ္စျိမ
January 19, 2024
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းကာလ သုံးနှစ်ထဲ ချဉ်းနင်း ဝင် ရောက်ခဲ့ပါပြီ ။ အာဏာသိမ်းကာလတလျှောက်ကို ပြန်ကြည့်လိုက်ရင် နေရာဒေသအနှံ့အပြားမှာ ၊ ကဏ္ဍအ သီးသီး မှာ အနိဋ္ဌာရုံတွေ၊ ဆုတ်ယုတ်မှုတွေနဲ့သာ ပြည့်နှက်နေတာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ် ကောင်စီ ဟာ ဒီသုံးနှစ်ထဲမှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခံရမှု နဲ့ စစ်ရေး အရရှုံး နိမ့်မှု တွေဟာ နိုင်ငံရေးကျဆုံးခန်းကို ဦးတည်နေပါတယ်။
Tuesday, December 19, 2023
ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ
IJBS
ဝေမိုး | Click here for the English language version of this article.
Cite as: ဝေမိုး၊ (၂၀၂၁)၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3228
စာတမ်းအကျဉ်း
ယခု စာတမ်းတွင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဘောင်သွပ်သွင်းမှုများနှင့် တပ်မတော်၏ အသားကျနေပြီဖြစ်သည့် စစ်ရေးဆိုင်ရာ အလေ့အကျင့်များကို အနှစ်ချုပ်ဖော်ပြခြင်း အားဖြင့် ရည်ရွယ်ချက်ရှိ ရှိကြံရွယ်ထားသည့် စစ်ဆင်ရေး အခြေအနေများကို ပုံပေါ်လာစေကာ အ ဆို ပါဒေသတွင်း ရိုဟင်ဂျာလူမျိုးများအပေါ်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပုံကို ဆွေးနွေးတင်ပြထား ပါ သည်။ ဤစာတမ်းတွင် စစ်ဆင်ရေးပြု လုပ်ရာတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သည့် အမိန့်ပေး သူ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး ငါးဦးအား မီးမောင်းထိုးပြသကာ တပ်မတော် အင်စတီကျူးရှင်းများ ရှိ စစ် သားများ၏ ပညာရေး အခန်းကဏ္ဍသည် သာမန်စစ်သားများ၏တွေးတောစဉ်းဆင်ခြင်နိုင်မှု နှင့် ဓလေ့ တို့ကို ပုံသွင်းရာတွင် အရေးပါကြောင်းကိုလည်း ရှင်းလင်းပြသထားပါသည်။ စစ်သားများ သည် ဗမာ လူမျိုးနှင့် ဗုဒ္ဓဘာသာအပေါ်အခြေခံသည့် အမျိုးသားရေးဝါဒကို အဓမ္မရိုက်သွင်းထား ခံရ ရုံသာမက အထူးရွေးချယ်ခြင်းခံရသည့် စစ်သားအချို့မှာ စစ်ရေးနည်းပညာများ ဆိုင်ရာ အဆင့်မြင့် ပညာ ရပ်များ ကို နိုင်ငံခြားတိုင်းပြည်များ မှသင်ယူလာကြသည်ကိုလည်းတွေ့ရပါသည်။
Wednesday, January 11, 2023
လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီး နင်းဖမ်းဆီးချိန် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု များကိုလည်းသိမ်းဆည်းရမိ
၂၀၂၃ ခုဇန္နဝါရီလ ၁၁ ရက်။
ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင် မှု စာရွက်မြန်မာခရိုနီ စစ်လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးချိန်တွင် အကြမ်: ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။
ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနှင့် လက်နက်ပွဲစားထွန်းမင်းလတ်ကို စီးနင်းဖမ်းဆီးချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုတစ် ခန်း၏ ပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို တစ်ပါတည်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Thursday, October 27, 2022
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်း၏ ခေါင်းဆောင်မှု မြန်မာပြည်တွင်ကျရှုံး
Dhaka Tribune
အေအက်ဖ်ပီအောက်တိုဘာလ 27 ရက်၊ 2022,
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးကတည်းက မငြိမ်မသက်ဖြစ်နေပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သဘောထားကွဲလွဲမှုတွေကို ဖြိုခွင်းရာမှာ လူပေါင်း ၂၃၀၀ ကျော် သေ ဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရွာတွေမှာ အဓမ္မကျင့်မှု၊ တရားလက်လွတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။
Monday, August 22, 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အထူးကိုယ် စားလှယ် နိုလင်းဟေဇာတို့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်
Published: 19 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် နိုလင်းဟေဇာတို့ရဲ့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အထူးကိုယ်စားလှယ်ရုံးရဲ့ထုတ်ပြန်ချက်ဟာ တစ်ဖက်သတ်ဖြစ်ပြီး အထင်အမြင်လွဲမှားမှုတွေဖြစ်စေခဲ့တဲ့အတွက် ယခုလို အပြည့်အဝထုတ်ပြန်ပေးရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ခရီးစဥ် မအောင်မြင် ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ဝေဖန်
2022.08.20
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer တို့၏ တွေ့ဆုံမှုအပေါ်တွင် အထူးကိုယ်စားလှယ်မှ တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် တွေ့ဆုံစဉ် ဆွေးနွေးမှုပြည့်စုံစွာ ဖော်ပြချက် (၁၉-၈-၂၀၂၂ ရက်)
၁၁။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၏ ကလေးသူငယ်များ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြား ချက်-
၉။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မြန် မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆက်လက်လက်တွဲ ဆောင်ရွက်နိုင်ရေး ကမ်းလှမ်းပြောကြားမှု-
၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြန်လည် ပြောကြေားဆွေး နွေးမှု-
အဆွေတော်အနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍကို အဓိကအခြေခံလျက် နိုင်ငံ၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်ကို မိမိအနေဖြင့် မှတ်သားမိပါသည်။ မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် စီးပွားရေးစနစ်ကို လက်ရှိအခြေအနေနှင့်အ ညီ ဆောင်ရွက်သွားမည် ဟူသောအချက်ကိုလည်း မိမိအနေဖြင့် ကြိုဆိုလက်ခံပါသည်။ မိမိအနေ ဖြင့် စီးပွားရေး ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးကို မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ လေ့ လာနိုင်ရန် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် သဘာဝသယံ ဇာတ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါသယံဇာတများသည် မြေအောက်ထဲ၌သာ ရှိနေပြီး မြေပေါ်မှတစ်ဆင့် စီးပွားရေးအဖြစ် မည်ကဲ့သို့ အသုံးချဆောင်ရွက်နိုင်မည့်နည်းလမ်းကို မြန် မာနိုင်ငံအနေဖြင့် လိုအပ်နေခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
Thursday, May 21, 2020
ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပယ်ဖျက်ပြီး လာမည့်ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပါရုပ်သိမ်း
နိရဥ္စရာ
ထွန်းခိုင် (တောင်ရင်းကျွန်း)
မေ ၂၁/ ၂၀၂၀
ရခိုင်ပြည်နယ်မှ လူသိများသည့် ခေါင်းဆောင် တစ်ဦးဖြစ်သည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ပါ မရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။






.png)
.png)
.png)
.png)
.png)
