Showing posts with label နိရဉ္စရာ. Show all posts
Showing posts with label နိရဉ္စရာ. Show all posts

Monday, June 15, 2020

ဘူးသီးတောင်တွင် ဘင်္ဂလားဒေရ်ှ့သို့တရားမဝင်ဆေးသွား ကုသရန်သွားရောက်ပြီး ပြန်လာသူတစ်ဦး၌ ကိုရိုနာဗိုင်း ရပ်စ် တွေ့ရှိ

နိရဉ္စရာ 
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၁၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဆေးသွားကုသရန်သွားခဲ့ပြီး ပြန်ဝင် လာ သူ အသက် ၆ဝ ကျော်အရွယ် အမျိုးသားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိ ခဲ့သည်ဟု ဘူးသီး တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က နိရဉ္စရာသို့ အတည်ပြုပြောသည်။

Sunday, February 16, 2020

ရခိုင်စစ်ပွဲ ကလေးငယ်များထိခိုက်မှု စိုးရိမ်ကြောင်း အမေ ရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ ကြေညာချက် ထုတ်ပြန်

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂၀၂၀



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးငယ်များ ထိခိုက် ဒဏ်ရာရရှိ မှုများရှိနေသည့် အပေါ် ရန်ကုန်အခြေစိုက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ စိုးရိမ်ကြောင်း ကြေ ညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။

Friday, February 14, 2020

လုံခြုံရေး အခြေအနေကြောင့် ရခိုင် မြို့နယ် ၉ ခုမှ တက္က သိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန ၂ဝ ကို ပိတ်ရန် စီစဉ်

နိရဉ္စရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဖဖေဖေါ်ဝါရီ ၁၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ တိုက်ပွဲ ဖြစ်ပွားနေသော မြို့နယ် ၉ ခုမှ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၂ဝ ကို လုံခြုံရေး အ ရ ယခုနှစ်တွင် ယာယီ ပိတ်ရန် စီစဉ်နေပြီး စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တစ်ခြား စာစစ်ဌာနများသို့ ပြောင်းရွှေ့ ဖြေဆိုရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Thursday, July 25, 2019

စစ်တပ်ကပစ်၍ ကျည်ထိမှန်သည့် တောင်မြင့်ရွာမှ လူငယ် မြောက်ဦးဆေးရုံတွင်ကွယ်လွန်

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇူလိုင် ၂၄/ ၂ဝ၁၉
 စစ်တပ်ကပစ်လိုက်သော ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားသည့် မြောက်ဦး မြို့နယ် တောင်မြင့်ကျေးရွာမှ ဘိုသန်းထွန်း (၂၂) နှစ်သည် ယနေ့နံနက် ၉ နာရီ အချိန်တွင် သေဆုံးသွားသွားကြောင်း သိရသည်။

Friday, July 12, 2019

စင်္ကာပူမှ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦး နေပြည်တော် တွင် ဖမ်းဆီးခံထားရကြောင်း မိသားစုများပြော

နိရဉ္စရာ
ဇူလိူင် ၁၂/ ၂ဝ၁၉
စင်္ကာပူနိုင်ငံတွင် ဖမ်းဆီးခံရပြီး ဇူလိူင်လ ၁ဝ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦးကို နေပြည်တော်တွင် ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းရရှိကြောင်း မိသားစုများက ပြောသည်။

Monday, July 1, 2019

ရခိုင်အရေး ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားများ တွေ့ဆုံဆွေးနွေး

နိရဉ္စရာ 
ဆောင်းဇာခြည်
စစ်တွေ၊ ဇူလိုင် ၁

ရခိုင်အရေးနှင့်ပတ်သက်ပြီး ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်ရှိ ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ - ရန်ကုန်)အဖွဲ့အပါအဝင် ရခိုင်ပြည်ကျောင်း သား သမဂ္ဂအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့တို့သည် ဇွန်လ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Saturday, June 8, 2019

ရခိုင့်နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းဘဲ နှစ် ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ဘူးသီးတောင် မြို့ခံတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇွန် ၈∕၂၀၁၉

ရခိုင့်နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းဘဲ နှစ်ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ဘူးသီးတောင်မြို့ ခံတစ်ဦးက တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။

Tuesday, June 4, 2019

ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ နုတ်ထွက်စာတင်

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၄/ ၂၀၁၉

 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့အား ဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးသည် တာဝန်မှ နုတ်ထွက်စာတင်လိုက်ကြကြောင်း သိရသည်။

Thursday, May 30, 2019

စစ်တွေအမှတ်(၁)ရဲစခန်းလုံခြုံရေးတိုးမြှင့်ရန် ဘေး ပတ်လည်ရှိ ဆိုင်ခန်း ၇ဝ ကျော်ကို ဖယ်ရှားခိုင်း၍ ဆိုင်ခန်းပိုင်ရှင်များ အခက်တွေ့

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ မေ ၃ဝ/ ၂၀၁၉
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်ရှိ အမှတ်(၁)ရဲစခန်း ဘေးပတ်ပတ်လည်တွင် ရောင်းချနေကြသည့် ဈေး ဆိုင်ခန်း ၇ဝ ကျော်ကို နေရာမှ ဖယ်ရှားပေးရန် ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည့်အတွက် ဆိုင်ခန်း ပိုင် ရှင်များ အခက်တွေ့နေကြောင်း သိရသည်။

Tuesday, May 21, 2019

ဒေါက်တာအေးမောင်တို့၏အယူခံလွှာ ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် ပယ်ချခံရ

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ မေ ၂၁/ ၂၀၁၉
ထောင်ဒဏ်နှစ် ၂ဝ စီချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အယူခံလွှာ ပယ်ချခံလိုက်ရကြောင်း သိရသည်။


ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အယူခံလွှာအား သူတို့၏ရှေ့နေများက ယနေ့ မေလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ တင်သွင်းရာ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

Friday, May 17, 2019

ကျည်ဆံထိမှန်၍ ရန်ကုန်တွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့သူ ကျောက်တန်းရွာသားကို ဇာတိမြို့ သို့ ပြန်သယ်ယူပြီး သဂြိုၤလ်

နိရဉ္စရာ၊
နိရဉ္စရာ၊ မေလ ၁၇/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကျည်ဆံထိမှန်သူ ၈ ဦးထဲမှ ဒဏ်ရာပြင်း ထန်သဖြင့် ရန်ကုန်ထိ ယူဆောင်ပြီး ဆေးကုသခဲ့ရသူ တစ်ဦးဖြစ်သည့် ဦးအောင်လင်းကျော် (၃၈) နှစ်၏ အလောင်းကို ရန်ကုန်မှ သူ့၏ ဇာတိမြို့ ရသေ့တောင်သို့ ကားဖြင့် ယူဆောင်ပြီး မေလ ၁၆ ရက်နေ့က ဂူသွင်း သဂြိုၤလ်ခဲ့သည်။

မြောက်ဦးတွင် သင်တန်းမှ အိမ်အပြန် ကျောင်းဆရာ တစ်ဦး လက်နက်ကြီးကျည်စထိမှန်

နိရဥၥရာ
နိရဉ္စရာ၊ မေလ ၁၇/ ၂၀၁၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျောင်းဆရာတစ်ဦးသည် တစ်နေ့တာ သင်တန်းအပြီး ဇနီးဖြစ်သူ ကျောင်း ဆရာမ အပါအဝင် တစ်ခြားကျောင်းဆရာများနှင့် အတူ ဆိုင်ကယ်စီးပြီး အိမ်အပြန်တွင် လက် နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့သည်ဟု မြောက်ဦးမြို့နယ် ပညာရေးမှူးရုံးမှ တစ်ဆင့် သိရှိရသည်။

Sunday, May 12, 2019

ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူး စစ်တွေသို့ ရောက်ရှိ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၁၂/၂၀၁၉




ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားချင်းစာနာ မှုဆိုင်ရာ လက်ထောက် အထွေထွေ အတွင်း ရေးမှူး၊ အရေးပေါ်ကယ်ဆ ယ်တုန့်ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ (Ursula Mueller) သည် မေလ ၁၂ ရက် ယနေ့နေ့လည်က ရောက်ရှိနေသည်။

Friday, May 10, 2019

ကျောက်တော်မြို့နယ်တွင် ကျည်ဆံထိမှန်၍ တစ်ဦး သေ၊ တစ်ဦးဆေးရုံရောက်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၁၀/ ၂၀၁၉
 ယနေ့ နံနက်က ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့အနီး ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ လူတစ်ဦးသေဆုံးပြီး တောင်ပေါက်ရွာမှ ကူးတို့ပို့နေသူ တစ်ဦး ဦးခေါင်းတွင် ကျည် ဆံ ထိမှန် ဒဏ်ရာ ရရှိသွားပြီး လက်ရှိ ကျောက်တော်မြို့နယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရ ရှိ ကျသည်။

Monday, April 29, 2019

ရခိုင်စစ်ပွဲတွင် အတွဲလိုက်ပစ်သည့်ဒုံးများ သုံး/ မသုံး တပ်မတော်ပြောခွင့်ရသူများအကြား ကွဲလွဲမှုရှိနေ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီလ ၂၉ /၂၀၁၉

Narinjara

ရခိုင်စစ်ပွဲတွင် အတွဲလိုက်ပစ်သည့်ဒုံးများ သုံး/ မသုံး တပ်မတော်ပြောခွင့်ရသူများအကြား ကွဲလွဲမှုရှိနေ 





  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သည့် တိုက် ပွဲ များ အ တွင်း အတွဲလိုက်ပစ်သည့် ဒုံးများကို အသုံးပြုတိုက်ခိုက်ခြင်း ရှိ / မရှိနှင့် ပတ်သက်ပြတပ်မတော် ပြောခွင့် ရသူများမှ မီဒီယာများအား ဖြေကြားရာတွင် ကွဲလွဲမှုရှိနေကြောင်း သိရှိရ သည်။
ဧပြီလ ၂၇ ရက်နေ့နံနက် ၄ နာရီ ၁၀ မိနစ်အချိန်မှ စတင်ပြီး နံနက် ၅ နာရီကျော်ထိ ဘူးသီး တောင် အခြေ စိုက်ဗျူဟာမှ စည်တောင်အနီးရှိ တောင်တန်းများကို ပစ်ခတ်ရာတွင် ယခင်တစ် ခါမှ မသုံးခဲ့ဖူးသော လက် နက်ကြီးများကို အသုံးပြု ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆို သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုသာဖြစ်နိုင်ဟု ဒဏ်ရာရလူငယ်ပြော

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီ ၂၈/၂၀၁၉

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့် လူငယ်တစ်ဦး သေ ဆုံးပြီး တစ်ခြားကလေးငယ်နှစ်ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုသာ ဖြစ်နိုင် သည်ဟု ဒဏ်ရာရ လူငယ်က အတည် ပြုပြောကြားသည်။

Friday, April 12, 2019

ရဲဝန်ထမ်းမိသားစု ၇ ဦး မြောက်ဦးဆေးရုံသို့ကောင်း မွန်စွာရောက်ရှိလာကြောင်း ဆရာဝန်ကြီးအတည်ပြု

နိရဉ္စရာ
 နိရဉ္စရာ၊ ဧပြီ ၁၂/ ၂၀၁၉ 


ရက္ခိုင့်တပ်တော် (AA) မှ ခေါ်ဆောင်သွားခဲ့သည့် ရဲဝန်ထမ်းများ၏ ဇနီးများနှင့် သားသမီး ၇ ဦးတို့သည် ယမန်နေ့ ညဉ့်က မြောက်ဦးဆေးရုံသို့ ရောက်ရှိလာခဲ့သည်မှာ ဟုတ်မှန်ကြောင်း မြောက်ဦးခရိုင် ဆရာ ဝန်ကြီးက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

Thursday, April 11, 2019

လက္ကာကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၄ ဦးကို ပြန်လည်လွတ်မြောက်လာ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၁၉
ယနေ့ နေ့လယ်ပိုင်းက စစ်တပ်က ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၄ ဦးကို ယနေ့ ညနေပိုင်းက ပြန်လည် လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */