Showing posts with label ရန်ပုံငွေ. Show all posts
Showing posts with label ရန်ပုံငွေ. Show all posts

Friday, March 10, 2023

ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ကဏ္ဍစုံအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော် ကနေဒါ ထောက်ပံ့မည်

DVB
9 March, 2023

မတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ခဲ့စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် တခြားကဏ္ဍတွေအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော်ကို ကနေဒါနိုင်ငံက ထောက်ပံ့ကူညီသွားမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး ဌာန ဝန်ကြီး ဟာဂျစ် ဆာဂျန်က ပြောလိုက်ပါတယ်။

ဝန်ကြီး ဟာဂျစ် ဆာဂျန်ဟာ ကနေဒါနိုင်ငံရဲ့ ပစိဖိတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ တာဝန်ရှိသူတ ယောက် လည်းဖြစ်ကာ ဝန်ကြီးအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၅ ရက်အတွင်း ဖိလစ်ပိုင်၊ ဘင်္ဂ လားဒေ့ရှ်နဲ့ ကာတာနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ခုလို အတည်ပြုလိုက်တာပါ။

Saturday, February 18, 2023

ရိုဟင်ဂျာ အကူအညီ ရန်ပုံငွေ လျှော့ချမှု လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၈ ဖေဖော်ဝါရီ၊ ၂၀၂၃

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေကို WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လျှော့ချမယ့် အစီအစဉ်ကြောင့် ရိုဟင်ဂျာဒုက္ခသည် သန်းနဲ့ချီ ပိုမို ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံလာရနိုင်တယ်လို့ ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သတိပေးပြောဆိုကြပါတယ်။

ရန်ပုံငွေ ရှားပါးလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို ရှေ့လ ၁ ရက်နေ့က စပြီး ၁၇ % လျှော့ချမယ့်အကြောင်း WFP က ဒီလ ၁၇ ရက်နေ့က ကြေ ညာထားတာပါ။ လက်ရှိမှာ ဒုက္ခသည်တဦးဟာ လစဉ်ရိက္ခာ အထောက်အပံ့ ၁၂ ဒေါ်လာ ရနေရာကနေ မတ်လကစပြီး တလ ၁၀ ဒေါ်လာသာ ရရှိတော့မှာ ဖြစ်ပါတယ်။

Thursday, October 22, 2020

ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေ အရေးတကြီး လိုအပ်နေ

လွတ်လပ်တဲ့အာရှအသံ ( RFA )  

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း၊ စောဖိုးခွား
2020-10-22

ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီရေးရန်ပုံငွေ အရေးတကြီး လိုအပ်နေတဲ့ကိစ္စကို ဖြေရှင်း နိုင်ဖို့ နိုင်ငံတကာ အလှူရှင် ညီလာခံကို အွန်လိုင်းကနေ ဒီကနေ့ ကျင်းပမယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်ထား ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ရန်ပုံငွေ ဒေါ်လာ ၆၃ သန်း ဗြိတိန်ကူညီမယ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 အောက်တိုဘာ၊ 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Jamtoli ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် တချို့။ (သြဂုတ် ၂၃၊ ၂၀၂၀)
 

မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည် aတွအတွက် ရန်ပုံငွေ အသစ်တရပ် ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်က ကြာသပတေးနေ့မှာ ကြေညာပါ တယ်။ ဒီဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေ့လျော့မထားကြဖို့လည်း ကုလသမဂ္ဂ ဆွေးနွေးပွဲအတွင်း တခြားအလှုရှင်တွေကို ဗြိတိန်က တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်အပြင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ မကြာခဏ သဘာဝဘေး အန္တရာ ယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင် ငံအတွက် အမေရိကန် ဒေါ်လာ ၆၃ သန်း အကူအညီပေးဖို့ လျာထား တယ် လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကပြောပါတယ်။

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */