" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label FFM. Show all posts
Showing posts with label FFM. Show all posts

Monday, February 3, 2020

Behind Myanmar’s Military Alibi: A Path for Compliance with the ICJ’s Order to Protect Rohingya

JUST SEURITY
Grant Shubin and
Akila Radhakrishnan
February 3, 2020
In the wake of the ruling from the International Court of Justice (ICJ) ordering Myanmar to prevent genocide against the Rohingya going forward, the initial excitement was tempered by pragmatics—how this important court order can be enforced so that it actually protects the 600,000 Rohingya who remain in Rakhine State.

Wednesday, October 23, 2019

စစ်တပ်အစား အရပ်ဘက်စီးပွားရေးတွေနဲ့ပဲ ပေါင်းလုပ်ဖို့ FFM ဥက္ကဋ္ဌ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 အောက်တိုဘာ၊ 2019
အင်ကြင်းနိုင်
FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌ Marzuki Darusman 

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်း တွေကို ပိတ်ဆို့အရေးယူပြီး အရပ်ဖက် စီးပွားရေးလုပ်ငန်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ FFM မြန်မာနိုင် ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက် ပါ တယ်။ အင်္ဂါနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီ အစည်းအဝေးမှာ FFM ရဲ့ နောက်ဆုံး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းချိန်မှာ သူက အဲဒီလို ပြောသွားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

Monday, September 16, 2019

ရခိုင်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်ဆက်ရှိ နကြောင်း FFM ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-16
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်ဟာ ဖွဲ့စည်းပုံအရ ဖိနှိပ်ချုပ် ချယ်မှုတွေ ကြုံနေရပြီး လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က FFM က ဂျနီဗာကို ဒီကနေ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Monday, September 9, 2019

IIMM ကုလစုံစမ်းရေးအဖွဲ့နဲ့ အချက်အလက်စုဆောင်း ရေးအဖွဲ့ ဘယ်လိုကွာခြားလဲ

VOA
ဗွီအိုအေမြန်မာ
09 စက်တင်ဘာ၊ 2019
သားညွန့်ဦး

IIMM အကြီးအကဲဖြစ်သူ Nicholas Koumjian လူ့အခွင့်အရေးကောင်စီမှာ ရှင်းလင်း

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ (IIMM) အနေနဲ့ မြန်မာနိုင်ငံတွင်းက ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ရာဇ၀တ်ကြောင်းအရ အရေးယူတရားစွဲဆိုနိုင်ဖို့ လုပ်ငန်းစဉ်တွေ စတင်ပြီဖြစ်ပါတယ်။ ဒီ ကုလစုံစမ်းရေးအဖွဲ့ရဲ့ ပထမဦးဆုံးအစီရင်ခံစာကို ကုလ လူ့အခွင့်အရေးကောင်စီကို ဒီကနေ့ တင်သွင်းသလို၊ ဘယ်လို လုပ်ငန်းဆောင်ရွက်သွားမလဲ ဆိုတာကိုလည်း IIMM အဖွဲ့ အကြီးအကဲဖြစ်သူက ရှင်းလင်းခဲ့ပါတယ်။ အခု လုပ်ငန်းစတင်လိုက်တဲ့ IIMM နဲ့ အရင် ရှိထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ FFM တို့ သဘော သဘာဝ ဘယ်လိုကွာခြားသလဲ။ ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။

Saturday, August 24, 2019

မြန်မာ့တပ်မတော်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-23
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။
Screen shot: UN Web TV 
မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေး ယူဆောင်ရွက်သင့်လဲ ဆိုတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေး ကြပါတယ်။

ပိတ်ဆို့မှုတွေတိုးလုပ်ဖို့ ကန်အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် တိုက်တွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-24

ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်များ။
Photo: AFP

■ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက်နေ့ က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ မြန်မာ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တ ခြားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက် ကျူး လွန်နေတာဟာ တပ်မတော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိ ကန် ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မနေ့က ကြေညာချက် ထုတ် ပြန် ပြောကြားလိုက်ပါတယ်။

Friday, August 23, 2019

မြန်မာစစ်တပ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန် ခဲ့ကြောင်း ကုလအစီရင်ခံစာထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန 
ကိုဉာဏ်ဝင်းအောင်
Radhika Coomaraswamy

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂ အ ချက် အလက်ရှာဖွေရေးအဖွဲ့ FFM က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ သြဂုတ်လ(၂၂) ရက်နေ့က နယူးယောက်မြို့ ကုလသဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ FFM အဖွဲ့ဝင် Coomaraswamy က အဲဒီလို ပြောကြားလိုက်တာပါ။

Thursday, August 22, 2019

တပ်မတော်ကို အရပ်သားအစိုးရအောက်ထားပြီး ပြု ပြင်ဖို့ FFM မစ်ရှင်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။
Screen shot: UN Web TV

မြန်မာနိုင်ငံမှာ တပ်မတော်၊ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အမျိုး သ မီးတွေနဲ့ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ထားတဲ့ဖြစ်ရပ်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFM က စုံစမ်းဖော်ထုတ်ထားတဲ့ အစီ ရင်ခံစာသစ်ကို မနေ့ကကြာသပတေးနေ့မှာ ထုတ်ပြန်ပြီး တရားမျှတမှုရဖို့ တောင်းဆိုလိုက်ပါတယ်။

Sunday, August 11, 2019

FFM အစီရင်ခံစာနှင့် နိုင်ငံရေးအလားအလာ ( တင်္နဂနွေ စကားဝိုင်း )

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-10



၂ဝ၁၉ သြဂုတ် ၁၀ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " FFM အစီရင်ခံစာနှင့် နိုင်ငံရေးအလားအလာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဦးလှမောင် (စီးပွားရေးပညာရှင်)၊ ဦးသိန်းထွန်းဦး (သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့)၊ ဟာဂျီ ဦးအေးလွင် (ကိုဖီအာနန် အကြံပေးကော်မရှင်)နဲ့ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း) တို့ ဖြစ်ပါတယ်။

လင့်၊https://www.rfa.org/burmese/talk-show/sat-talk-aug10-08102019052329.html?fbclid=IwAR2qO5GnXC27U_rUpiG1tzX9_i0t4EMGV4eWSJBaxNkjgGlD60aeANb0FVY

Saturday, August 10, 2019

FFM ထုတ်ပြန်ချက်ကိုကန့်ကွက်ကြောင်း ဆန္ဒပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-10
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းနဲ့ FFM အဖွဲ့ကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့ အမျိုးသားရေးလှုပ်ရှားသူတွေ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ၂၀၁၉၊ သြဂုတ် ၁၀ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ် ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက် ကြောင်းနဲ့ FFM အဖွဲ့ကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့ အမျိုးသားရေး လှုပ်ရှားသူ တစ်ရာကျော် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

Wednesday, August 7, 2019

စစ်တပ်စီးပွားရေးကို ပိတ်ဆို့ရေး အကြံပြုချက် မြန်မာ နိုင်ငံခြားရေးရုံး ဆန့်ကျင်

B B C
ဘီဘီစီ မြန်မာပိုင်း
6 ဩဂုတ် 2019

မြန်မာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ၊ စစ်တပ်ကို ကူညီထောက်ပံ့နေတဲ့ မြန်မာပြည်တွင်းက စီးပွားရေး ကုမ္ပဏီကြီးတွေ အပေါ် ပိတ်ဆို့ အရေးယူဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အ ချက်အလက် ရှာဖွေရေး မစ်ရှင် FFM ရဲ့ အစီရင်ခံစာကို မြန်မာ နိုင်ငံခြားရေးရုံးက အသိအမှတ်မပြုကြာင်း ကြေညာ ထုတ်ပြန် ပါတယ်။

Thursday, May 23, 2019

UN Fact-Finding Mission Recommends Suspension of International Dealings with Myanmar’s Military

RFA
2019-05-14
United Nations' Independent International Fact-finding Mission on Myanmar chairperson Marzuki Darusman presents the final report on alleged rights violations during a press conference on August 27, 2018 in Geneva.  
 
The government of Myanmar has again rejected U.N. calls for accountability in its handling of the ongoing Rohingya crisis after a statement by the Independent International Fact-Finding Mission (FFM) on Myanmar Tuesday urged the international community to cut off financial aid to Myanmar’s military.

Thursday, May 16, 2019

Activists welcome UN's financial boycott of Myanmar

AA
Md. Kamruzzaman | 
15.05.2019

UN panel recommend bringing Myanmar’s military commanders before credible court for trial

DHAKA

Rohingya activists and their international supporters have welcomed and endorsed the UN panel's call for the withdrawal of financial and other supports to Myanmar and fair trial of its military commanders on charges of war crime and genocide.

Tuesday, April 30, 2019

EU extends sanctions against Myanmar over Rohingya.

PRESS TV 
Tue Apr 30, 2019


A Myanmarese border guard stands near a Rohingya Muslim family in front of their home in a village during a government-organized visit for journalists in Buthidaung Township in the restive Rakhine State, Myanmar, on January 25, 2019. (Photo by AFP)

The European Union (EU) has extended sanctions, including a weapons embargo, against Myanmar for one year over the Myanmarese military’s deadly crackdown on minority Muslims in the country.

The European Council said in a statement on Monday that the sanctions included restrictions on arms, dual-use products, and surveillance equipment that could be used for “internal repression” in Myanmar’s Kachin, Rakhine, and Shan states, where minority Rohingya Muslims have been subjected to state-sponsored violence.

Saturday, April 6, 2019

ကုလရဲ့လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ စစ်ဆေးခွင့် လက်ခံမှာမဟုတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
မဝေမာထွန်း

 မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို တွေ့ရစဉ်

ကုလသမဂ္ဂကဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌ အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian နဲ့ အဖွဲ့ဝင်တွေကို မြန်မာပြည်တွင်း ဝင်ရောက်စုံစမ်း စစ်ဆေးခွင့် ပြုမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

Wednesday, April 3, 2019

ရခိုင်ပြည်နယ် ဖြစ်ရပ်တွေ သတင်းပေးတိုင်ကြားလို သူတွေကို တပ်မတော်ဖိတ်ခေါ်

RFA
လွတ်လပ်တဲ့ အာရှအသံ
 2019-04-03

 ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ပြီးနောက် ဆက်စပ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားလိုသူတွေအနေနဲ့ အချက်အလက်နဲ့ မှတ်တမ်း
တွေ ပေးပို့တိုင်ကြားနိုင်ကြောင်း တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဖိတ်ခေါ်လိုက် ပါတယ်။

Monday, March 25, 2019

ရခိုင်မြောက်ပိုင်းအရေး စုံစမ်းစစ်ဆေးဖို့လိုအပ်လို့ ခုံရုံး ဖွဲ့တာလို့ တပ်မတော်ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်း
2019-03-25

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ မတ် ၂၅ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသတွေမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေက စွပ်စွဲလာတဲ့ လူ့အခွင့် အရေး ချိုးဖောက်မူတွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက်တာဟာ လိုအပ်လို့ လုပ်သင့် လုပ်ထိုက်လို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတကာက စွပ်စွဲပြောဆိုတာတွေကို လျော့နည်းအောင် လုပ်တာ မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက RFA ကို ဒီနေ့ ပြော ပါတယ်။

Friday, March 15, 2019

လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်အရေး ယူဖို့ ကုလကော်မရှင် ခြေလှမ်းပြင်ဆင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-15
 မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ၂ဝ၁၈ အောက်တိုဘာလ ၂၄ ရက်နေ့က လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီဒါရုစ်မန်း အစီရင်ခံတင်ပြစဉ်။


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM အနေနဲ့ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုး aဖာက်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိမရှိကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဒီတွေ့ရှိချက်တွေကို ၂ဝ၁၉ စက်တင် ဘာလ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တင်ပြအစီအရင်ခံသွားမယ်လို့ FFM အဖွဲ့က မနေ့က ကြေညာ ချက် ထုတ်ပြန်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */