Showing posts with label မီးလောင်မှု. Show all posts
Showing posts with label မီးလောင်မှု. Show all posts

Wednesday, December 25, 2024

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူ ၂ ဦးထက်မနည်း သေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒေသ ရိုဟင်ဂျာတွေနေထိုင်ရာကူတုပလောင်ဒုက္ခသည်စခန်းမီးလောင်ထားတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၄/ဓာတ်ပုံ Courtesy Photo)
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar မှာရှိတဲ့ Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့ ဒီဇင် ဘာလ (၂၄) ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေအထဲမှာ ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။

Sunday, May 19, 2024

ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင်နေအိမ်များ မီးလောင်မှုနှင့်ပတ်သက်ပြီး စွပ်စွဲချက်များအပေါ် AA ပယ်ချ

နိရဉ္စရာ
အေးမြတ်ခိုင်၊
မေလ ၁၈/၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှု၊ လူထိခိုက်သေဆုံးမှု စသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စွပ်စွဲချက်များ အပေါ် အာရက္ခတပ်တော် (AA) က ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းပြောဆိုပြီး ပယ်ချလိုက်သည်။

Monday, March 13, 2023

ရိုဟင်ဂျာစခန်းမီးလောင်မှု ထိထိရောက်ရောက်အရေးယူဖို့ ဒုက္ခသည်တွေမျှော်လင့်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.12
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ခဲ့ပြီးနောက် မီးလောင်ပြင်မှာထိုင်နေတဲ့ ရိုဟင်ဂျာကလေးငယ်တစ်ဦး။Reuters

ပြီးခဲ့တဲ့တစ်ပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁၁)မှာနေအိမ်သုံးထောင်ကျော်ဆုံးခဲ့ရတဲ့ မီးလောင်မှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရှို့မီးလို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။

Tuesday, March 7, 2023

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်

မဇ္စျိမ
AFP
06 March 2023

Photo - AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု၌ ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် တဲအိမ် ၂,၀၀၀ ခန့် မီးထဲပါပျက်စီးသွားပြီး လူ ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ စုံစမ်းစစ်ဆေး

B B C

ဘီဘီစီမြန်မာပိုင်း

၂၀၂၃ မတ်လ ရ ရက်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းအမှတ် ၁၁ မှာ တနင်္ဂနွေနေ့ နေလယ် ၃နာရီလောက်ကပြီး မီးလောင်ခဲ့လို့ ဒုက္ခသည်တွေရဲ့ နေအိမ်တဲ ၂ဝဝဝ ကျော်နဲ့ စာသင်ကျောင်း၊ ဝတ်ပြုကျောင်း၊ ကျန် းမာရေးဆေးပေးခန်းနဲ့ တခြားလူမှုရေးရာ ခန်းမဆောင်တွေအပါအဝင် အဆောက်အဦး စုစုပေါင်း ၉ဝ လည် း မီးထဲပါသွားတယ်လို့ သိရပါတယ်။

ဘာကြောင့်မီးလောင်ခဲ့ပြီး၊ မီးဘေးသင့်ဒုက္ခသည်တွေ ဘယ်လို ဆက်လက်နေထိုင်နေကြပါသလဲ။

အပြည့်အစုံကို မညိုလဲ့ရည်က ပြောပြမှာပါ။

Link : Here

Friday, January 20, 2023

မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိတယ်လို့ ထွက်ပြေးလာသူတွေပြော

B B C

ဘီဘီစီမြန်မာပိုင်း
၁၉ ဇန်နဝါရီ ၂၀၂၃

ရိုဟင်ဂျာအဖွဲ့ နှစ်ဖွဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံနေကြပါတယ်။
မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ထွက်ပြေးလာသူတွေကပြောပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကရောဘာတွေ ဆောင်ရွက်နေပါသလဲ။

ကိုကျော်ဇေယျ ပြောပြပါမယ်။

Link : Here

Monday, December 28, 2020

မောင်တောမှာ မီးလောင်ဆုံးရှုံးခဲ့တဲ့နေအိမ်(၅၀၀) ဝန်းကျင် အတွက် အစိုးရကဒီလထဲပြန်ဆောက်ပေး

Omedia
Editor-
December 28, 2020

Photo : AFP ( ၂၀၁၈ ခုနှစ်ကမြင်ကွင်း )
ဒီဇင်ဘာ(၂၄)ရက်၊ ၂၀၂၀။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်ထဲ မီးလောင်ဆုံးရှုံးသွားတဲ့  ရိုဟင်ဂျာ တွေရဲ့ နေအိမ်တွေအတွက် အရင်နေရာမှာပဲ အစိုးရက နေအိမ် (၅၀၀) ဝန်းကျင်ကို ဒီလထဲ ဆောက်လုပ်ပေး နေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်မှာ မီးလောင်ဆုံးရှုံးသွားတဲ့ မောင်တောမြို့က ရပ်ကွက် (၅)၊ သီဟိုကျွန်း၊ ကျောက်လှေ ကား၊ အလယ်သံကျော်၊ ပဒင်း၊ ကျားခေါင်းတောင်၊ သဲချောင်းပျေး၊ ကျွန်းပေါက်ပြုစုကျေးရွာတွေမှာ ဒီဇင်ဘာ လထဲ ပြန်ဆောက်ပေးနေတာလို့ သိရပါတယ်။

“တစ်ဖက်နိုင်ငံကို ထွက်ပြေးခြင်း မရှိတဲ့သူတွေ၊ ရွာလည်းတစ်ရွာလုံး မီးမလောင်သွားဘူး။ ရွာလည်း ပြန် တယ်။ နေတာလည်းမှန်ကန်ခဲ့ရင် အဲဒီလူတွေကို နိုင်ငံတော်အစီအစဉ်နဲ့ အိမ်ပြန်ဆောက်ပေးတာပေါ့။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က O Media ကို ပြောပါတယ်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း မောင်တောမြို့နယ်၊ ပဒင်းကျေးရွာက နေအိမ် (၅၈) အိမ်၊ ညောင် ချောင်းရွာက နေအိမ်(၃၂)အိမ်နဲ့ ကျောက်လှေကားရွာက နေအိမ်(၁၃၉)အိမ် စုစုပေါင်း နေအိမ်(၂၂၉)အိမ်ကို ပြန်ပြုပြင်နိုင်ဖို့ အစိုးရက နေအိမ်တစ်လုံးကို ထောက်ပံ့ငွေ(၂၅၂၅၀၀)ကျပ်နဲ့ ပျက်စီးမှုနည်းတဲ့ နေအိမ်တစ်လုံး ကို (၁၂၂၅၀၀)ကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကို O Media က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
 


လင့်၊ ဒီမွာ

Friday, August 21, 2020

စစ်တွေမြို့ရှိ ရိုဟင်ဂျာ IDP စခန်းတွင် မီးလောင်

Rohingya Today
အောင်ဇံဝေ
Aug 20, 2020
 စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ IDP ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး နှစ်လအရွယ်ကေ လး တစ်ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးလျက်ရှိသည်။

Tuesday, May 12, 2020

ကုတုပလောင် ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
May 12, 2020

သိန်းချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခ သည် စခန်း အမှတ်(၁) မှာ ဒီကနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ထိခိုက်ပျက်စီးမှုများပါတယ်။ မီး လောင်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတချို့ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ အသေအပျောက်တော့ မရှိဘူးလို့ လည်း ဒုက္ခသည်တဦးကပြောပါတယ်။

Link : Here

Thursday, July 18, 2019

ဘူးသီးတောင်တိုက်ပွဲအတွင်း နေအိမ် နှစ်လုံး မီး လောင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-18
 ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA
                                         
ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု ရှစ်ရှားတောင်ကျေးရွာနဲ့ ဥယျာဉ်သာကျေးရွာအကြားမှာ တပ်မ တော်နဲ့ ရခိုင့်တပ်တော် AA တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှစ်ရှားတောင်ကျေးရွာက နေ အိမ်နှစ်လုံး မီးလောင်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။

Saturday, July 6, 2019

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ကျေးရွာတချို့မီးလောင် ပျက်စီး

VOA  
ဗွီအိုအေ (မြန်မာဌာန)
05 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးကြသော စစ်ရှောင်များ (ဇန်နဝါရီ၊ ၀၄၊ ၂၀၁၉)
 
  မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသက ကျေးရွာတချို့မှာ မီး လောင် မှုတွေ ဖြစ်ပွားနေပါတယ်။ ဒေသခံတချို့ကတော့ စစ်သားတွေက မီးရှို့တာလို့ ပြောကြပေမဲ့လည်း တပ်မတော် တာ ဝန်ရှိသူတွေကတော့ တိုက်ပွဲတွေအတွင်း လက်နက်ကျည်ဆံတွေ ထိမှန်ရာက မီးလောင် မှုဖြစ်တာလို့ ပြောပါတယ်

Tuesday, May 21, 2019

မောင်တော မြို့မအရှေ့ရပ်ကွက် နေအိမ် ၃ လုံး မီးလောင်ကျွမ်း

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၂၁ /၂၀၁၉
 မေလ ၂၀ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀အချိန်ခန့်က မောင်တောမြို့ ၊ မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးဆုံးရှုံးသွားခဲ့သည်ဟု မောင်တောခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

Thursday, May 16, 2019

မောင်တောမြို့ ဦးရှည့်ကျကျေးရွာ၌ လူမနေ နေအိမ် (၁)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

မြန်မာ့အလင်း
မောင်တော မေ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာအုပ်စု၊ ဦးရှည့်ကျကျေးရွာ၌ (လူမနေ) နေအိမ်(၁)လုံး မေ ၁၅ ရက် နေ့လည်ပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

Wednesday, May 15, 2019

မောင်တောမြို့ ကင်းချောင်းကျေးရွာအနီး၌လယ်ကွင်း များ မီးလောင်မှုဖြစ်

သက်လွင်စိုး(ပြန်/ဆက်)
မောင်တော မေ ၁၅


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာအနီး သစ်တောကြိုးဝိုင်းအတွင်း ကိုင်းတော နှင့် လယ် ကွင်း များ မေ ၁၄ ရက် နံနက် ၁၁ နာရီ ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

Thursday, May 9, 2019

ဘူးသီးတောင်မြို့နယ်ကွန်တိုင်ကြီးကျေးရွာ၌ စာသင် ကျောင်းဆောင်(၁)ဆောင်နှင့်ဆိုင်ခန်းပေါင်း(၂၉)ခန်းမီးလောင်

မြို့နယ်( ပြန်/ဆက်)
9 May 2019
ဘူးသီးတောင် မေ ၉
မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကြီးကျေးရွာ၌ မေ ၉ ရက် နံနက် ၁ နာရီ ၄၅ အချိန်ကမီး လောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ် ရေး မှူးဦးလှရွှေ၊မြို့နယ်ပညာရေးမှူး ဦးသန်းဖေ၊မြို့နယ် မီးသတ်ဒုတိယဦးစီးမှူးဦးသန့်ဇော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက နံနက် ၇ နာရီ အချိန်ခန့်က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

Friday, April 12, 2019

ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စ ခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင် တစ် ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလည်း စခန်းကို စွန့်ခွာသွားကြသည်ဟု နွားရုံတောင် ကျေးရွာသား တစ် ဦးက ပြောသည်။

Saturday, February 16, 2019

မောင်တောတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင် မှုဖြစ်ပြီး နေအိမ်နှစ်လုံးဆုံးရှုံး


မြန်မာတိုင်းမ်နေ့စဉ်
ကျော်ကြီး 
16 Feb 2019 
 မောင်တောမြို့နယ် နယ်မြေ(၆) စေတီပြင်ကျေးရွာရှိနေအိမ် မီးလောင်ကျွမ်းနေစဉ်။ဓာတ်ပုံ - 
 
ပြည်ထဲရေးဝန်ကြီးဌာနရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၉ နာရီခန့်က မီးဖိုဆောင်မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။နယ်မြေ(၆) စေတီပြင်ကျေးရွာရှိ အသက် ၇၆ နှစ်ခန့်အရွယ် ဦးဘော် ရှော(ခ)အဘူဘော်ရှော၏ နေအိမ်မီးဖိုဆောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Friday, November 18, 2016

( 18.11.2016 ) မောင်တောမြို့နယ်၌ မီးလောင်မှု ဖြစ်ပွား နယ်မြေ (၈) မြင်းလွတ်မြို့ ရှီတာရပ်ကွက် ဇံကာရာရွာကြား


 မောင်တောမြို့နယ်၌ မီးလောင်မှု ဖြစ်ပွား

မောင်တောမြို့နယ် နယ်မြေ (၈) မြင်းလွတ်မြို့ ရှီတာရပ်ကွက် ဇံကာရာရွာကြား၌ နိုဝင်ဘာ ၁၇ ရက် ညနေ (၆) နာရီခွဲတွင် အလျား ပေ (၂၀) အနံ (၁၂) ပေ၊ အမြင့် (၁၀) ပေ ရှိ လူနေထိုင်မှု မရှိသည့် မြေစိုက် သက္ကယ် မိုး ထရံ ကာ ကျောင်းဆရာ၊ ဆရာမ နေအိမ် လိုင်းခန်းနှင့် အလျား (၁၂) ပေ အနံ (၁၀) ပေ အမြင့် (၁၀) ပေရှိ လူနေထိုင်ခြင်း မရှိသည့် သက္ကယ်မိုး ထရံကာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရေး နေအိမ် လိုင်းခန်း တို့အား မီးလောင်မှုဖြစ်ပွားခဲ့ရာ တန်ဖိုးငွေကျပ် (၅၀၀၀၀) ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */