" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကမ္ဘာ့ကုလသမဂ္ဂ. Show all posts
Showing posts with label ကမ္ဘာ့ကုလသမဂ္ဂ. Show all posts

Wednesday, October 19, 2022

ကမ္ဘာ့ကုလသမဂ္ဂဆိုတာ ဘယ်လိုအဖွဲ့စည်းမျိုးလဲ။

Unicode
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့စည်း (United Nations) ပေါ်ပေါက်ခဲ့တဲ့ အကြောင်းရင်း နဲ့ အဖွဲစည််းရဲ့အခြေခံ အချက် အလက်လေးတွေကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။ကမ္ဘာ‌ေပါ်မှာ လူအသေအပျောက် အမ်ားဆုံး နဲ့ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှု အများဆုံး စစ်ပွဲကြီးနှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၁၉၁၄-၁၉၁၈ ကာလတွင်းမှာ ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့ပြီး၊ ဆယ်စုနှစ် နှစ်ခုပတ်၀န်းကျင်အကြာ ၁၉၃၉-၁၉၄၅ ကာလတွေကိုတော့ ဒုတိယကမ္ဘာစစ်ကလွှမ်းမိုးခဲ့ပါတယ်။

ပထမကမ္ဘာစစ်ကြီးအပြီးမှာတော့ နောက်ထပ်ယခုလိုစစ်ပွဲမျိူး‌ေတွထပ်မဖြစ်အောင်ဆိုပြီး အမေရိကန်နိုင်ငံ သမ္မတ Woodrow Wilson ဦးဆောင်မှုနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations ) ကို ၁၉၂၀ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့မှာ ကနဦး အဖွဲ့၀င် ၄၂ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သို့ပေမယ့် လွှတ်တော်၏ အမေရိကန်အဖွဲ့၀င်ခြင်း အစီစဥ်ကို ကန့်ကွက်မှုကြောင့် နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထိရောက်မှုအားနည်းခဲ့ရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */