" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကယ်ဆယ်ရေး. Show all posts
Showing posts with label ကယ်ဆယ်ရေး. Show all posts

Tuesday, April 16, 2019

စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-16
ကျော်သူ
တိုက်ပွဲဖြစ်ပွားနေတာကြောင့် ငစရိုင်းကိုင်းကျေးရွာကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်


ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူ ပို့ဆောင်နေတာတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက တင်းကျပ်လိုက်တဲ့အတွက် ဒုက္ခသည်တွေ အခက် အခဲ ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။  RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထား ပါတယ်။

Monday, April 15, 2019

ရခိုင် ကူညီကယ်ဆယ်ရေးများ ကန့်သတ်ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်၊ 14 ဧပြီ၊ 2019

 ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway
 
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း ဒုက္ခသည် ထောင်ချီခိုလှုံနေကြရတဲ့ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက် ရမှ သယ်ယူပို့ဆောင်ခွင့်ပြုတဲ့အတွက် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးပို့နိုင်ရေး အခက်ကြုံ နေကြရပါတယ်။ အခုလတ်တလောမှာကို စစ်ပြေးစစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ဦးရေက သုံး သောင်းကျော်အထိ ပိုတိုးလာနေပြီး အရေးပေါ် သောက်သုံးရေနဲ့ စားနပ် ရိက္ခာပြတ်လပ်မှုတွေကြုံနေကြရပါ တယ်။ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့နိုင်ရေး ဘယ်လိုဆောင်ရွက် နေရပါသလဲဆိုတာကို ကိုယ် တိုင် ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */