Showing posts with label လူ့အခွင့်အရေး. Show all posts
Showing posts with label လူ့အခွင့်အရေး. Show all posts

Tuesday, January 7, 2025

မြန်မာနိုင်ငံတွင်းအရပ်သားတွေကို ကာကွယ်ပေးကြဖို့ ကန်နဲ့နိုင်ငံများတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၇ ဇန်နဝါရီ၊ ၂၀၂၅

စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ​လျှော့ချပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာကြဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများက မြန်မာစစ်ကောင်စီနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အားလုံးကို တိုက်တွန်းပါတယ်။ 

Thursday, November 28, 2024

ရိုဟင်ဂျာအရေးကနေ မြန်မာစစ်တပ်ကို အရေးယူနိုင်ရင် တိုင်းပြည်အောင်ပွဲ ဖြစ်လာလိမ့်မယ်လို့ NUG လူ့အခွင့်အရေး ဒုဝန်ကြီးပြော

BBC
၂၈ နိုဝင်ဘာ ၂၀၂၄

၇၉ ကြိမ်မြောက် ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စတိုးမြှင့်လုပ်ဆောင်ရေးအတွက် ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့နဲ့ အတူ စက်တင်ဘာ ၂၆ ရက်မှာ ဆွေးနွေးပွဲ ပြုလုပ်နေတဲ့ ဦးအောင်ကျော်မိုး

မြန်မာစစ်တပ်ကို ရိုဟင်ဂျာအရေးကနေ ပိတ်ဆို့ဒဏ်ခတ် အရေးယူနိုင်မယ်ဆိုရင် ဒါက တစ်နိုင်ငံလုံးရဲ့ အောင်ပွဲဖြစ်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဘီဘီစီကို ပြောပါတယ်။

Tuesday, June 11, 2024

ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမယ့်အရေး စိုးရိမ်မှုတွေ ဆက်လက်မြင့်တက်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၁ ဇွန်၊ ၂၀၂၄ 

စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)


ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြား ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်မှုမရှိကြောင်း အာရက္ခတပ်တော် AA က ထပ်မံငြင်းဆန်လိုက်ပါတယ်။ ဘာသာရေး၊ လူ မျိုးရေး တင်းမာမှုတွေ မဖြစ်အောင်လုပ်မယ်လို့လည်း ကတိပြုလိုက်ပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေဆဲပါ။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေး ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

Monday, May 27, 2024

လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေ စစ်ကောင်စီကို IIMM တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ မေ၊ ၂၀၂၄ 

မြောက်ခင်ရန်းရွာ 

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ အကြီးအကဲ Nicholas Koumjian က ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီထံ IIMM အရင်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိတဲ့အတွက် ဒီကနေ့ ထပ်မံတောင်းဆိုရခြင်းဖြစ်ပြီး အခုနောက်ဆုံး တောင်းဆိုမှုအပေါ် စစ်ကောင်စီဘက်က တုံံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Friday, November 25, 2022

မြန်မာ လူ့အခွင့်အရေးမဟာမိတ်ဖွဲ့ရန် ရိုဟင်ဂျာများ စုစည်း

ဧရာဝတီ
By Muktadir Rashid
24 November 2022

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က အူကီယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကျင်းပသော ၂၀၁၇ ခုနှစ် မြန်မာစစ်တပ် အကြမ်းဖက် နှိမ်နင်းမှု နှစ်ပတ်လည် ပထမဆုံးအကြိမ် အခမ်းအနားကို တက်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP

ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ အများအပြားသည် မြန်မာတွင် လူအခွင့်အရေး တောင်းဆိုရန် အဖွဲ့တခုဖွဲ့စည်းရေး စုစည်းခဲ့ကြသည်။

အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ် Arakan Rohingya National Alliance (ARNA) က ရိုဟင်ဂျာ ညီ ညွတ်ရေး တောင်းဆိုပြီး ၎င်းတို့ မွတ်ဆလင် လူမှုအသိုက်အဝန်းသည် ခွဲထွက်ရေးသမားများ မဟုတ်ကြောင်း ကြေညာသည်။

Sunday, August 1, 2021

အာဏာသိမ်းပေမယ့် အာဏာမထိန်းနိုင်သေးပါ

ဧရာဝတီ
အောင်မျိုးမင်း
31 July 2021 

ဦးအောင်မျိုးမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဖြစ်သည် / ဧရာဝတီ
 
ရွေးကောက်ပွဲအတွင်း မဲသမာမှုများရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သော စစ်ကောင်စီ ၏ မတရားအာဏာသိမ်းယူမှုသည် သြဂုတ်လ ၁ ရက်နေ့တွင် ခြောက်လပြည့်ပြီဖြစ်သည်။

မတရား အာဏာလုယူခဲ့သည့်နောက်ပိုင်း နိုင်ငံ‌ရးခေါင်းဆောင်များအား ဥပဒေမဲ့ဖမ်းဆီးခြင်းမှအစ ဆန့်ကျင် တော် လှန်သူများကို တရားမဲ့နှိမ်နှင်းသတ်ဖြတ်မှုများအလယ် မြို့ရွာတခုလုံးကို ပစ်ခတ်တိုက်ခိုက်ပြီး ‌ဒေသခံ ပြည်သူများကို နေရပ်မှ အတင်းအကြပ်မောင်းထုတ်ခြင်းများအဆုံး နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်   နေလျက်ရှိသည်။

Thursday, January 14, 2021

လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင်လုပ်ဖို့ NLD ကို HRW တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ဝင်းမင်း
14 ဇန္နဝါရီ၊ 2021

 
NLD ပါတီရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသည့် ထောက်ခံသူများ။ (၉ နိုဝင်ဘာ ၂၀၂၀) 
 
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ရွေးကောက်ပွဲကြီးကြီးမားမား အနိုင်ရထားတဲ့အခွင့် အ လမ်း ကိုအသုံးပြုပြီး၊ လူ့အခွင့်အရေးအခြေအနေ မြန်မာနိုင်ငံမှာ တိုးတက်ကောင်းမွန်လာအောင် လုပ်သင့် ပြီလို့၊ HRW နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

Wednesday, July 22, 2020

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ ဖြူဖြူခိုင်
2020-07-22
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ် Photo: AFP
 
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ငြင်းဆန်မနေဘဲ လက်တွေ့ ကျကျ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

Tuesday, June 16, 2020

ကုလားလို့ ဘာကြောင့် မခေါ်သင့်သလဲ (လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အမြင်)


VOA
ဗွီအိုအေ (မြန်မာဌာန
အင်ကြင်းနိုင်
16 ဇွန်၊ 2020
ခေတ်စနစ်ပြောင်းလဲလာချိန် မြန်မာမှာ ခေါ်နေတဲ့ ကုလားဆိုတဲ့ အသုံးအနှုန်းကို ခွဲခြား ဆက်ဆံတဲ့နေရာမှာ ပိုပြီး အသုံးပြုလာတဲ့အတွက် "Don't call me Kalar" ကုလားလို့ မခေါ်ပါနဲ့ ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။

Tuesday, June 2, 2020

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေးစားဖို့ အမေရိ ကန်အစိုးရကို မြန်မာလူ့အခွင့်အရေးသမားတွေတိုက်တွန်း


B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.02
အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကိုလေးစားလိုက်နာမယ်လို့ မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူတွေ မျှော်လင့်

အမေရိကန်ပြည်ထောင်စုတလွှား လက်ရှိဖြစ်ပွားနေတဲ့အကြီးအကျယ် ပျက်စီးယိုယွင်းနေတဲ့ အခြေအနေ တွေ ကို မြင်တွေ့ရတဲ့အပေါ် အလွန်အမင်းဝမ်းနည်းမိတယ်လို့ စာမှာဖော်ပြထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို ရန်ကုန်က အမေရိကန်သံရုံးထံ ဇွန် ၂ ရက်မှာ အီးမေးလ်ကတစ်ဆင့် ပေးပို့ခဲ့ပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အသံအဖွဲ့၊ Generation Wave၊ ဒို့မြေကွန်ရက်၊ မြန်မာသတင်းလွတ်လပ်ခွင့်အဖွဲ့၊ Myanmar Peace Bikers၊ အိုးဝေပညာဒါနသင်တန်းကျောင်း၊ တအာန်းအမျိုး သမီးအဖွဲ့၊ ရန်ကုန်လူငယ်ကွန်ရက်၊ ကချင်လူငယ်ကွန်ရက်၊ The Seagull လူ့အခွင့်အရေးငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်မှုအဖွဲ့အပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလတက်ကြွလှုပ်ရှားသူ သုံးဦးတို့က လက် မှတ်ရေးထိုး ပေးပို့ခဲ့တာဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားမှုနဲ့ ခွဲခြားဖိနှိပ်မှုတွေကို တွန်းလှန်ဆန့်ကျင်တဲ့ အမေရိကန်ပြည်သူတွေကို ထွက်ပေါ်လာ တာကို မြင်တွေ့ရတဲ့အပေါ် အားတက် လှုံ့ဆော်မှုတွေ ရရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လုံးဝသည်းမခံကြောင်း ပြသဖို့ အမေရိကန်ပြည် သူ တွေဟာ တစ်ရက်လေးတောင်မှ စောင့်ဆိုင်း ကြန့်ကြာမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေမှာ ရှည်လျားတဲ့သမိုင်းကြောင်းအရ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရပြီး ဒါတွေဟာ အသားအရောင် ကွဲပြားမှု၊ ကိုးကွယ်ရာ ဘာသာတရားနဲ့ လူနည်းစုတိုင်းရင်းသားတွေပေါ်မှာ မုန်းတီးမှုတွေဖြစ် လာ စေ ခဲ့တဲ့အတွေ့အကြုံတွေရှိထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်သူတွေဟာ လွတ်လပ်မှု၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့အတွက်တိုက်ပွဲဝင်တဲ့ မြန် မာပြည်သူတွေကို အစဉ်တစိုက် ထောက်ခံ အားပေးခဲ့ပြီး ဖက်ဒရယ်ဒီမိုကရက် တစ်နိုင်ငံထူထောင်ရေး အတွက် ရုန်းကန်ရမှုတွေမှာလည်းမြန်မာပြည်သူတွေနဲ့အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်ပေးခဲ့ သူ တွေဖြစ် တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုအခါမှာ အသားအရောင်ခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ဆန္ဒ ပြနေ တဲ့အမေရိကန် ပြည်သူတွေနဲ့အတူ မြန်မာအဖွဲ့အစည်းတွေကလည်း တစ်သားတည်းရပ်တည် တယ် လို့ ဖော်ပြ ထားပါတယ်။

 ညမထွက်ရအမိန့်တွေထုတ်ထားပေမယ့် ညလုံးပေါက် ဆန္ဒပြမှုတွေမှာ ရဲနဲ့ ဆန္ဒပြသူတွေ ထပ်တိုက်တွေ့နေကြပါတယ်။

ဒါအပြင် အဲဒီအိတ်ဖွင့်ပေးစာမှာ အချက်သုံးချက်ကိုလည်း တောင်းဆိုထားပါတယ်။

လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အမေရိကန်အစိုးရက လေးစားလိုက်နာဖို့၊ အမေရိ ကန် သမ္မတအနေနဲ့ လူမျိုးရေးခွဲခြားမှု မှတ်ချက်တွေဖြန့်ဝေနေတာကိုရပ်တန့်ဖို့နဲ့ ဖြစ်ပေါ်နေတဲ့ပြဿနာ တွေကို ဖြေရှင်းရေးဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရက်စက်ကြမ်းတမ်းစွာဖမ်းဆီးနေတာကို ရပ်တန့်ဖို့ တို့ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုးလစ်စ်မြို့မှာ လက်နက်မဲ့လူမည်း အမျိုးသား ဂျော့ဖလွိုက်ကို ငွေစက္ကူအတုသုံးပြီးဈေးဝယ်တယ်ဆိုတဲ့ တိုင်တန်းမှုနဲ့ ရဲက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ ပါ တယ်။

ဒီဖြစ်စဉ်ကြောင့် မေ ၂၆ ရက်ကစလို့ မင်နီယားပိုလစ်စ်မြို့မှာ ဂျော့ဖလွိုက်အတွက် တရားမျှတမှုရရှိရေး ဆန္ဒ ပြ ပွဲတွေ စတင်ခဲ့ပြီး အခုအခါ အမေရိကန်က မြို့ပေါင်း ၇၅ မြို့မှာ ဆန္ဒပြမှုတွေ ကူးစက်ဖြစ်ပွားနေပါတယ်။

ငြိမ်ချမ်းစွာဆန္ဒပြသူတွေရှိသလို ဆန္ဒပြမှုတွေကြား အခွင့်ကောင်းယူပြီး လူဖြူတွေ ပိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေကို စတင်ဖျက်ဆီးမှုတွေကတစ်ဆင့် နောက်ပိုင်းမှာ စတိုးဆိုင်တွေ၊ အရောင်းဆိုင်တွေ ဖောက်ထွင်းလု ယက်ခံရမှုတွေ ရှိလာခဲ့ပါတယ်။

 ဖောက်ထွင်းလုယက်မှုတွေလည်းရှိနေ

ရဲတွေဘက်က ဆန္ဒပြမှုတွေကို အင်အားအလွန်အကျွံသုံးပြီး ဖြိုခွဲတာတွေလည်း ရှိသလို ငြိမ်းချမ်းစွာ ဆန္ဒပြ သူတွေကိုပါ နောက်ပိုင်း အင်အားအလွန်အကျွံ သုံးပြီး ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

အခုထိ ဆန္ဒပြပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ခုနစ်ရက်တာအတွင်းလူနှစ်ထောင်နီးပါး ဖမ်းဆီးခံထားရ ပါတယ်။
ရဲလက်ထဲမှာသေဆုံးခဲ့သူ ဂျော့ဖလွိုက်

အခု မြန်မာလူ့အခွင့်ရေးနဲ့ တိုင်းရင်းသားအရေး၊ တက်ကြလှုပ်ရှားသူအဖွဲ့ပေါင်း ၁၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလ် ပုဂ္ဂိုလ် သုံးဦးတို့ လက်မှတ်ရေးထိုးပြီး အမေရိကန်ပြည်ထောင်စုကိုပေးဖို့တဲ့အိတ်ဖွင့်ပေးစာမှာတော့ လု ယက်အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဖော်ပြထားခြင်းမရှိတာကိုတွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ အိတ်ဖွင့်ပေးစာပေးပို့တာနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ လူမှုသဟဇာတညီညွတ်ရေး အဖွဲ့က ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။

"ဒီနေ့(ဇွန် ၂ ) မှာ အမေရိကန်သံရုံးကိုအီးမေးလ်နဲ့ ပို့လိုက်ပါတယ်။ ကျွန်တော့်အမြင်ကတော့ မြန်မာပြည်မှာ လည်း ၈၈ တုန်းက ဒီမိုကရေစီရေးတောင်းဆိုမှုတွေဖြစ်တုန်းက ဒီလိုဖောက်ထွင်းမှုတွေ လူသတ်မှုတွေအ များကြီး ကြုံခဲ့တယ်။ ဘယ်နေရာမှာမဆို လူထုအုံကြွမှုရှိလာရင် ဒါတွေကတော့ ရှိနေမှာပဲ။ ဒါပေမဲ့ကျွန်တော် တို့ အဓိက လုပ်ချင်တာက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ အမေရိကန်ပြည်သူအများစုက မတရားမှုတွေကို လက် မခံဘဲ တွန်းလှန်နေတယ်ဆိုတာကို ပိုပြီး ထင်ရှားစေချင်လို့ ဒါကို စာထဲမှာမထည့်တာပါ။ လူထု ရဲ့ဒေါ သ ထွက်လာတဲ့ဟာတွေလည်း မြင်ရတယ်။ အဲဒီမှာ အစိုးရရဲ့ ကိုင်တွယ်ပုံလည်း လိုမယ်ထင်တယ်။ မနေ့က မီယာမီမှာဆို ရဲတွေဒူးထောက်တောင်းပန်တယ်ဆိုတဲ့ ပို့စ်တွေတက်လာတာတွေ့တယ်။ ထရမ့်ပြောတဲ့စ ကား ဟာလည်း လူမိုက်စကားမျိုးဖြစ်တယ်။ လူတွေရဲ့ ဒေါသက စစ်တပ်တွေရဲတွေကိုမနိုင်တဲ့အခါကျတခြား ကိုလှည့်သွားနိုင်တော့ အခုလို ဖောက်ထွင်းတာ လုယက်တာတွေဖြစ်ကုန်တယ်။ သူကိုယ်တိုင် လူမျိုးရေး ခွဲခြား တာတွေပြောနေတာက လူတွေရဲ့ ဒေါသကို ပိုပြီး ဆွသလို ဖြစ်နေတယ်"လို့ ကိုသက်ဆွေဝင်း ကပြော ပါတယ်။

ဂျော့ဖလွိုက်ဇက်ပိုးကို ဒူးနဲ့ရှစ်မိနစ်ကျော်ကြာ နင်းထားခဲ့သူ ရဲအရာရှိ ဒဲရက်ချော်ဗင်

အခုပြဿနာက အမေရိကန်တစ်နိုင်ငံတည်းပြဿနာမဟုတ်တော့ဘဲ ဂျာမနီ၊ နယူးဇီလန်တို့ကို ကူးစက် သွား ပြီဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေရဲ့ ပြဿနာဖြစ်လာတာကြောင့် အခုလို တောင်းဆို ဆန္ဒပြတာတွေဖြစ်လာတာလို့ ကိုသက်ဆွေဝင်းကပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကိုလေးစားလိုက်နာမယ်လို့ မျှော်လင့် ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာက လူ့အခွင့်အရေးအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာပြည်တွင်းက လူမျိုးရေးခွဲခြားမှု တွေကိုအမြစ်ပြတ်အောင် ဆက်လက် တိုက်ပွဲဝင်မှာဖြစ်သလို အမေရိကန်က လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ ပြည်သူ့လှုပ်ရှားမှုတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
 

Link : Here

Sunday, May 31, 2020

ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေရဆဲ

VOA
 ဗွီအိုအေ (မြန်မာဌာန)
28 မေ၊ 2020
သက်နိုင်
ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် နေရပ်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရခိုင်ဒုက္ခသည် မိသားစု (ဖေဖော်ဝါရီ ၀၇၊ ၂၀၁၉)
ရခိုင်ပြည်နယ်အတွင်းက လူအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ဒေသခံတွေ ဖမ်းဆီးစစ်ဆေးတာတွေနဲ့ ပတ် သတ်ပြီးတော့ တိုင်ကြားမှုတွေ လုပ်ပေမဲ့ သက်ဆိုင်ရာက တာဝန်ရှိသူတွေက ဖြေရှင်းတာတွေမရှိတဲ့ အတွက် ဒေသခံတွေ စိတ်ပျက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် ကိုသက်နိုင်က တင်ဆကပေးထားပါတယ်။

Tuesday, May 26, 2020

ရခိုင်က ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိသေးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြ

VOA 
ဗွီအိုအေ (မြန်မာဌာန)
26 မေ၊ 2020
အင်ကြင်းနိုင်
သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည်များ (၂၀၁၆ စက်တင်ဘာ ၇ ရက်နေ့)

ICJ တရားရုံးကို မြန်မာက အစီရင်ခံစာတင်သွင်းတာဟာ နိုင်ငံတကာကို ဟန်ပြသက်သက်လုပ်ဆောင်တာ ဖြစ်ပြီး လက်တွေ့မြေပြင်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ပြောင်းလဲမှုမရှိသေးကြောင်း နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက် ပြောပြ မှာပါ။

Saturday, May 23, 2020

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ်လတ်တလော လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 မေ၊ 2020
မဆုမွန်
နိုင်ငံတကာခုံရုံး ICJ ကို မြန်မာအစိုးရ အစီရင်ခံစာမတင်ခင်မှာပဲ ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေထဲ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေ ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။

Saturday, May 9, 2020

Frontier Myanmar က သတင်းသမားနှစ်ဦးFrontier Myanmar လူ့အခွင့်အရေး စာနယ်ဇင်းထူးချွန်ဆု ချီးမြှင့်ခံရ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 ေမ၊ 2020  
မြန်မာနိုင်ငံအခြေစိုက် Frontier Myanmar သတင်းအယ်ဒီတာချုပ် Thomas Kean နဲ့ သတင်းဓာတ်ပုံဆရာ ခွန်လတ်တို့ဟာ ၂၀၂၀ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ စာနယ်ဇင်းထူးချွန်ဆုတွေ ချီးမြှင့်ခံရပါတယ်။

Thursday, May 7, 2020

Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာနဲ့ ဓာတ်ပုံသတင်း ထောက် လူ့အခွင့်အရေးသတင်းဆုရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
7 May 2020
ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့တွေက ချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ်အတွက် လူ့အခွင့်အရေး သတင်းသ မား ဆုကို မေလ ၆ရက်နေ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက Frontier Myanmar သတင်းဌာနရဲ့ ဆောင်းပါး ရှင် Thomas Kean နဲ့ ဓာတ်ပုံသတင်းထောက် ခွန်လတ်တို့ ရရှိသွားပါတယ်။

Thursday, February 27, 2020

Michelle Bachelet ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင် ခံစာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ

■ မြန်မာနိုင်ငံထဲက ရိုဟင်ျဂာ မွတ်စလင်တွေအပါအဝင် တခြားသောတိုင်းရင်းသားတွေ လူ့အခွင့်အေရး ခြိုး ဖောက် မှုဒဏ်ခံနေရမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတေစာင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအေဝး မွာ တင်ခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

Link : Here

Wednesday, February 26, 2020

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်သစ် အမည်စာရင်းတင်သွင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2020
အင်ကြင်းနိုင်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ အမည်သွင်းခံရတဲ့ အမေရိကန် အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews (Photo- cspan)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ အမေရိကန် အောက်လွှတ်တော် အမတ်ဟောင်း Tom Andrews ကို လူ့အခွင့်အရေးကောင်စီဥက္ကဌက အင်္ဂါနေ့မှာ အမည်တင်သွင်းလိုက် ပါတယ်။

Friday, February 21, 2020

ရခိုင်မြောက်ပိုင်းလူ့အခွင့်ရေးချိုးဖောက်မှု သုံးကြိမ်မြောက် စစ်တရားရုံးတင်မည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
 မိုးမြင့်
2020-02-21
ရခိုင်မြောက်ပိုင်းက မောင်နုနဲ့ ချွတ်ပြင် ရိုဟင်ဂျာရွာသားတွေအပေါ် တပ်မတော်သားတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်တရားရုံးတင်ပြီး အရေးယူမယ်လို့ တပ်မတော်က ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနေ့ တုန်း က ထုတ်ပြန်ပါတယ်။

Friday, January 17, 2020

ဂမ်ဘီယာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.01.15
ဂမ်ဘီယာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ပါမောက္ခဖိလစ်ဆန်း၊ ရှေ့နေပေါရိုက်ခလာနှင့် ဂမ်ဘီယာ တရားရေးဝန်ကြီး ရှေနေ့ချုပ် အဘူဘေကာတမ်ဘာဒို (ဝဲမှယာ) တို့ကို ၂ဝ၁၉ ဒီဇင်ဘာလ ၁ဝ ရက်နေ့က IJC အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တွေ့ရစဉ်။ AFP



ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံက အမျိုးသမီးတွေဟာ လူ့အ ခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံက လူမျိုးရေး-ဘာသာရေး ပဋိပက္ခတွေကို လေ့လာနေသူရဲ့ ရှုထောင့်ကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။ 

Link : Here

Thursday, January 2, 2020

ယုံကြည်အားကိုးလက်ခံနိုင်တဲ့ လူ့အခွင့်အရေးအချက်အ လက် စုံစမ်းရေးကော်မရှင်ဖြစ်ဖို့ ဘာတွေ အရေးကြီးမလဲ

DVB
2 January 2020
အောင်မျိုးမင်း

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က သူတို့ရဲ့ အပြီးသတ် အစီရင်ခံစာ ကို လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလလယ်မှာ သမ္မတထံ တင်သွင်းမယ်လို့ ထုတ်ပြန်ထားပါ။ တယ်အချိန် ကာ လအရ တော်တော်အရေးကြီးတဲ့အချိန်မှာ ထွက်ပေါ်လာမှာလို့ ပြောလို့ရပါတယ်။ ရခိုင်ဒေသမှာ လူမျိုးတုံးသတ် ဖြတ်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ အမှုဖွင့်ထားတဲ့အချိန်အတွင်း ပြည်တွင်းပြည်ပက စိတ်ဝင်စားမှုတွေ အရမ်းမြင့် နေချိန်မှာ ထွက်ပေါ် လာမှာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */