စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်ဆန်းပိုင်း တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ၁,၂၀၀ ကျော်ကျဆုံးခဲ့တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ တပ်မတော်ဘက် ကတော့ ဒါဟာ ဝါဒဖြန့်ချီမှု သက်သက် ဖြစ်တယ်လို့ဆိုပြီး ငြင်းဆိုပါတယ်။ ဒါ့အပြင် အခု ဇွန်လအတွင်း ရခိုင် မြောက်ပိုင်းမှာ တိုက် ပွဲတွေ လျော့ကျလာပြီး လုံခြုံရေးအခြေနေ တိုးတက်လာတယ်လို့လည်း မြန်မာ့တပ်မ တော် ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုနိုင် ကွန်းအိန် သတင်း ပေးပို့ထားတာပါ။
Showing posts with label စိုင်းတင်ချောင်း. Show all posts
Showing posts with label စိုင်းတင်ချောင်း. Show all posts
Wednesday, June 12, 2019
Saturday, April 6, 2019
စိုင်းဒင်ချောင်းတိုက်ပွဲမှာ ရဟတ်ယာဉ် အသုံးပြုခဲ့ ကြောင်း တပ်မတော် အတည်ပြု
RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဧပြီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့ကြောင်း တပ် မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ က RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။ Photo: Htet Arkar/RFA
Thursday, April 4, 2019
ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ အရှိန်မြင့်လာ
B B C
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၄ ရက် ၂၀၁၉၊
ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့မြစ်ကမ်း တလျောက်နဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ် ဝိုက် မှာ ဧပြီ ၃ ရက်မနက်ပိုင်း ၈ နာရီ လောက်က စပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၄ ရက် ၂၀၁၉၊
ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့မြစ်ကမ်း တလျောက်နဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ် ဝိုက် မှာ ဧပြီ ၃ ရက်မနက်ပိုင်း ၈ နာရီ လောက်က စပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စိုင်းတင်ချောင်းတွင် စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှု ဝါးခုတ်သမား ၆ ဦးသေပြီး ၁၉ ဦးဒဏ်ရာရ

နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၁၉
ဖုန်ညိုလိပ်ကျေးရွာမှ မူဆလင်အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးအဏ္ဍဝါက “ သေ ဆုံးတာ ၆ ဦး ဖြစ်ပါတယ်။ ရေချမ်းပြင်က ၂ ဦးပါ၊ ကင်းတောင် ၁ ဦး၊ သပြုချောင်း ၂ ဦး အပါအဝင် စုစုပေါင်း ၆ ဦးလို့ သိရပါတယ်။ ဒဏ်ရာ ရ တာက တစ်ဆယ်ကျော်ရှိတယ်လို့ သိရပါတယ်။ ကျောက်ရန်ရွာက ဒဏ် ရာရတာ ၅ ယောက်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။
(ဒဏ်ရာရသူ တစ်ဦးကို ဘူးသီးတောင်ဆေးရုံတွင် တွေ့ရစဉ်။)
ယခုအခါ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်သွားသည်ဟု သိရ သည်။
Subscribe to:
Posts (Atom)