" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နယ်ခြားစောင့်စခန်း. Show all posts
Showing posts with label နယ်ခြားစောင့်စခန်း. Show all posts

Sunday, April 21, 2024

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏နယ်ခြားစောင့်စခန်းများမှ တပ်ဖွဲ့၀င် များထွက်ပြေး

Yangon & Mandaly Update News
ဇန်နဝါရီလ ၂၄ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း များမှ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။

ညောင်ချောင်းနယ်ခြားစောင့်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်အင်အား ၁၀၀ ခန့်သည် ရက္ခိုင့်တပ်တော် (AA) က ၀င်ရောက်တိုက်ခိုက်လာမည်ကိုစိုး၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ဖရုံချောင်း၊ ငှက်ပျောချောင်း၊ ဘုရားပေါ်တောင်နှင့် သပိတ်တောင် နယ်ခြားစောင့်စခန်းများမှ တပ်သားများသည်လည်း ယင်းနေ့ တစ်ရက်တည်းတွင်ပင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။ ။

Monday, November 13, 2023

"ရခိုင်မှာ အေအေ တိုက်ပွဲ‌ဖော်" ၊ စစ်တပ်နယ်ခြားစောင့် စခန်း တချို့ကို အေအေ ဝင်တိုက်ခိုက်

BBC
၁၃ နိုဝင်ဘာ ၂၀၂၃, 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နဲ့ ချိန်ခါလီ ကျေးရွာတွေမှာ စစ်ကောင်စီ နယ်ခြား စောင့်စခန်းနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဒီကနေ့မနက်အစောပိုင်း ၄ နာရီခန့်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ‌ရသေ့တောင်ဒေသခံအချို့ကအတည်ပြုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */