" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စက်သေနတ်. Show all posts
Showing posts with label စက်သေနတ်. Show all posts

Wednesday, September 21, 2022

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် နယ်စပ် နေထိုင် သူများ ကြောက်နေရ

ဧရာဝတီ 
21 September 2022
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ / ဧရာဝတီ

မြန်မာနယ်စပ်နှင့် ထိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန် ခရိုင်မှ ရိုဟင်ဂျာ ၄,၀၀၀ ခန့်အပါအဝင် ခန့်မှန်း ခြေ လူ ၁၀,၀၀၀ သည် မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်များ၊ ဒရုန်းများ၊ မော်တာများနှင့် စက်သေနတ် ပစ်ခတ်မှုများကို စိုးရိမ်ထိတ်လန့် နေကြရသည်။

ပြီးခဲ့သည့် သောကြာနေ့ညနေတွင် အနည်းဆုံး မော်တာကျည် ၃ လုံးကို နယ်စပ်ဖြတ်ကျော် ပစ်ခတ်သော ကြောင့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် အစ်ခ်ဘယ် သေဆုံးပြီး အခြားသူ ၆ ဦး ဒဏ်ရာရသောကြောင့် ၎င်းတို့ကို ဆေးရုံ ပို့လိုက်ရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */