" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label The Voice. Show all posts
Showing posts with label The Voice. Show all posts

Friday, January 24, 2020

ဂမ်ဘီယာက တရားစွဲဆိုမှုတွင် မြန်မာဘက်က အချက် ၄ ချက် လုပ်ဆောင်ရန် ICJ အမိန့်ချ

TheVoiceWeekly Journal 
သည်ဟိဂ်၊ ဇန်နဝါရီ ၂၃
ဂမ်ဘီယာနိုင်ငံက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားချက်ကို နှစ်ဖက်လျှောက်လဲခဲ့ကြ ပြီး ကနဦး ကြားဖြတ်အစီအစဉ်များ ရှိသင့်၊ မရှိသင့် အမိန့်ချရာတွင် ဂမ်ဘီယာဘက်က တောင်းဆိုချက်ကို တရားရုံးကလက်ခံလိုက်ပြီး မြန်မာဘက်က ဆောင်ရွက်ချက်လေးခု ဖော်ဆောင်ပါရန် တရားသူကြီးများက တညီတညွတ်တည်း အမိန့်ချလိုက်သည်။

Monday, October 28, 2019

ရခိုင်ပဋိပက္ခအတွက် ဒီပလိုမေစီ

The Voice Weekly
The Voice Weekly Journal
by Sep 14, 2017

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ အကြမ်းဖက်ခံရမှုဓာတ်ပုံများဟုဆိုကာ အခြားနိုင်ငံများမှ ရုပ်ပုံများကို ကမ္ဘာ့အလျင်မြန်ဆုံး လူမှုကွန်ရက်ဖြစ်သည့် တွစ်တာ (twitter) ၌ အသုံးပြုဖြန့် ဝေခဲ့သည့် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏လုပ်ရပ်အား ဖော်ထုတ်လိုက်နိုင်ခြင်းသည် အမှန်စစ်စစ်အားဖြင့် မြန်မာတို့၏ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။

Monday, October 21, 2019

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ လူမျိုးနွယ် ၈၀၀ ကျော် ဖြစ်သွားရခြင်းကို လဝကဌာန ဘယ်လိုဖြေရှင်းမလဲ

The Voice Journal
20-Oct-2016

ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇ဝဝဝ ကျော်၊ လူမျိုးနွယ် ပေါင်း ၅ဝဝဝ ကျော် ရှိနေသည်ကို စာပေနှင့် မကင်းကွာသူ အတော်များများ သိကြပြီးဖြစ် သည်။ အရှေ့တောင်အာရှအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင် ပင် လူဦးရေသန်းပေါင်း ၂ဝဝ ကျော်ရှိပြီး လူမျိုးနွယ်ပေါင်း ၂၅ဝ ကျော် ရှိလေသည်။ သို့သော် ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း မှတ်တမ်း အရ နေပြည်တော် သတင်း ရပ်ကွက် မှ မြန်မာနိုင်ငံတွင် လူမျိုးနွယ် aပါင်း ၈၃ဝ ကျော် ဖြစ်သွားခြင်းသည် ယခင်က သူပြော ငါပြော လူပြော များနေသည့် တိုင်းရင်းသား ၁၃၅ မျိုးကို ကမ္ဘာသိ ချေဖျက်လိုက်ခြင်း ပင် ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးနွယ်စာရင်း၈၃ဝ ကျော် ဖြစ်နေခြင်းသည် ယုတ္တိ မရှိခြင်း၊ အဓိပ္ပာယ် မဲ့နေခြင်း အမှားအယွင်း တစ်ခုခုရှိနေ ကြောင်း ကမ္ဘာကြီးကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့သို့ဖြစ်ခဲ့ရခြင်း ၏ အဓိက အကြောင်းအရင်းမှာ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဌာနကြောင့်ပင် ဖြစ်သည်။

Saturday, August 10, 2019

ကုလအချက်အလက် ရှာဖွေရေးအဖွဲ့နှင့် မြန်မာ့စီးပွားရေး

The Voice Journal
Perspective 
by
 Aug 10, 2019

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားသော ရခိုင်အရေး အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် မြန်မာကုမ္ပဏီကြီး အချို့ကို အမည်နာမနှင့်တကွ တပ်အပ်စွပ်စွဲထားသည်။ အချက် အ လက် ရှာဖွေရေးအဖွဲ့သည် သူမြင်သည်ကို သူပြောခြင်းဖြစ်သည်။ အစီရင်ခံစာ ထွက်ထွက်ချင်း မြန်မာ အစိုးရက ခြေမြန်လက်မြန်ကန့်ကွက်လိုက်သည်ကိုလည်း သတိထားမိသည်။

Saturday, June 29, 2019

ရခိုင်အရေးကြောင့် သွေးမကွဲစေလိုပါ

The Voice Journal
by
Jun 29, 2018
ရခိုင်အရေးကား ရှုပ်ထွေးလှသည်။ သို့သော် မရှင်းလို့ကလည်း မဖြစ်။ ဘိုးဘွားအမွေ ဖြစ်နေသည်။ အချုပ်အခြာအာဏာက ဘိုးဘွားအမွေဖြစ်သလို ပြဿနာကလည်း ဘိုးဘွားအမွေဟု ဆိုရလောက်အောင် ပင် အစဉ်အဆက်ကတည်းက ဖြစ်ခဲ့သောပြဿနာတစ်ခု။ ထို့ကြောင့် မဖြစ်မနေတော့ ရှင်းကြရပေလိမ့်မည်။ အထူးသတိချပ်ရမည်မှာ ပြဿနာကိုရှင်းရင်း ပြဿနာမတက်ကြဖို့ဖြစ်သည်။

Tuesday, June 4, 2019

အကြမ်းဖက်အန္တရာယ် သတိပြုဖွယ်

The Voice Journal
by
Jun 4, 2019

သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ နာမည်ကျော် ၉/၁၁ ဖြစ်စဉ်နောက် ပိုင်းတွင် အဆိုးဆုံးသော အကြမ်းဖက်မှုကြီးတစ်ခုဖြစ်ခဲ့သည်။ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသော အဆိုပါ အကြမ်း ဖက်မှုကြီးမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါသည်။ တစ်ဆက်တည်း သတိထားရမည်မှာ အကြမ်းဖက်ပြဿ နာသည် အရှေ့အလယ်ပိုင်းဒေသမှတစ်ဆင့် တောင်အာရှနှင် အရှေ့တောင်အာရှဒေသများဆီ သို့ ခြေဆန့်လာခဲ့ပြီဆိုသောအချက်ပင်ဖြစ်သည်။ အန္တရာယ်ကား လာချေပြီ။ အကြမ်းဖက်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုသည်ကို ပြည်သူများနှင့် အစိုးရ များ အရေးတကြီး သိရှိနား လည်ထားကြဖို့ လိုအပ်လာပါသည်။

Monday, October 2, 2017

ရခိုင်အရေးနှင့် မြန်မာ့စီးပွား

The Voice Weekly Journal
 The Voice Journal Oct 2, 2017

ရခိုင်အရေးသည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးကြီးစိုးနေသည့် အရေးကြီးဖြစ်ရာ မြန်မာ့စီးပွားအပေါ် မည်သို့ သက်ရောက်မည်ကို သိချင်သူများစွာ ရှိနေသည်။ ထိုမေးခွန်းသည် အရေးလည်းကြီးသည်။

 
(၁) နိုင်ငံရေး စီးပွားရေး အဆက်အစပ်

ရခိုင်အရေးသည် နိုင်ငံရေးအရ သက်ရောက်မှုများကြီးမားစွာ ဖြစ်ပေါ်နေသည်မှာ အထင်အရှားဖြစ်သည်။ နိုင်ငံ ရေးနှင့် စီးပွားရေးသည် ခွဲမရအောင် ဆက်စပ်နေသည့်အတွက် ယခုမရိုက်ခတ်သေးလျှင်လည်း နောင် ရိုက်ခတ်မည်သာဖြစ်သည်။ နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြချက်များမှတစ်ဆင့် နိုင်ငံတကာ အမြင်သည် မြန် မာအပေါ်ပြောင်းသွားသည်။ လောလောဆယ်ဖြစ်ရပ်ကို ကန့်ကွက်ဒဏ်ခတ်ချက်များ ရှိနိုင်သည်။ ဥပမာ – European Parliament Committee on International Trade ဥရောပသမဂ္ဂလွှတ်တော် နိုင်ငံတကာကုန်သွယ်ရေးကော်မတီသည် လူ့အခွင့်အရေးအကြောင်းပြုပြီး မြန်မာနိုင်ငံခရီးကို ရွှေ့ဆိုင်း လိုက်သည်။ သို့သော် ရခိုင်အရေး ယခုထက်ကြီးမားကျယ်ပြန့်မလာအောင် ထိန်းနိုင်လျှင် ထိခိုက်နိုင်ခြေ နည်းသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */