" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မတရားပြုကျင့်ခြင်. Show all posts
Showing posts with label မတရားပြုကျင့်ခြင်. Show all posts

Thursday, January 19, 2023

ရိုဟင်ဂျာဒုက္ခသည်များ ရဲများ၏ မတရားပြုကျင့်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရ

မဇ္မျိမ
By AFP
19 January 2023

ရိုဟင်ဂျာဒုက္ခသည်များကို ကာကွယ်ပေးရေး လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်များကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အနှောင့်အယှက်ပေး တိုက်ခိုက်ခြင်းနှင့် မှားယွင်းစွာ ဖမ်းဆီးခြင်းများ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က အင်္ဂါနေ့တွင် ပြောသည်။

နိုင်ငံမဲ့ လူနည်းစု တစ်သန်းနီးပါး ရှိနေရာ ဒုက္ခသည်စခန်းများကို လက်နက်ကိုင်ရဲတပ်ရင်း APB က စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင် ရှိနေသူအများစုမှာ အိမ်နီးချင်း မြန်မာ နိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးခိုလှုံလာကြသူ အများစု ဖြစ်သည်။ မြန်မာစစ်တပ် ၏ ဖြိုခွင်းမှုကို လက်ရှိ၌ ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စုံစမ်းလျက်ရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */