VOA
ဗွီအိုအေ (မြန်မာဌာန)
၂၄ ဒီဇင်ဘာ၊ ၂၀၂၃
မလေးရှားနိုင်ငံ Selangor ပြည်နယ်မှာ ဖောက်ထွင်းမှုလုပ်နေတဲ့ ဓါးပြဂိုဏ်းဆီက သိမ်းဆည်းရမိတဲ့လက်နက်များ။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၃/ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့)မလေးရှားနိုင်ငံ Selangor ပြည်နယ်ထဲမှာ ဒီဇင်ဘာလ ၂၂ ရက် သန်းခေါင်ကျော်က ဖောက်ထွင်းမှုလုပ်နေတဲ့ ဓါးပြဂိုဏ်းက ရိုဟင်ဂျာ ၃ ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။ ဒီလူတွေဟာ UNHCR ကဒ် ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။