" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဝေဖန်ခံရ. Show all posts
Showing posts with label ဝေဖန်ခံရ. Show all posts

Wednesday, May 24, 2023

လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီကို အချိန် ပေးနေမှု ဝေဖန်ခံနေရ

RFA
RFA Burmese
2023.05.24

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာ တင်သွင်းရမယ့် ရက်ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ် သုံးလ ရွှေ့ဆိုင်းလိုက် တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရိုဟင် ဂျာ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။

အမှန်တကယ် ထုချေလွှာ တင်ရမယ့်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ဖြစ်ပြီး စစ်ကောင်စီဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ၂၀၂၄ ခုနှစ်ထဲအထိ ရွှေ့ဆိုင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာပါ။ ဒါကြောင့် တရားရုံးက တစ်လနောက်ဆုတ်ပြီး မေလ ၂၄ ရက် ဒီနေ့မှာ ထုချေလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */