" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ၆ နှစ်ပြည့်. Show all posts
Showing posts with label ၆ နှစ်ပြည့်. Show all posts

Monday, August 28, 2023

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ ၆ နှစ်ပြည့်ကာလမှာ ဘယ်အ ခြေအနေ ရောက်နေပြီလဲ

MoeMaKa
(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၃
 

သြဂုတ် ၂၅ မြင်ကွင်း

၂၀၁၇ ခုနှစ်ရဲ့ မုတ်သုန်မိုးရာသီ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA လို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာကယ် တင် လွတ်မြောက်ရေး တပ် လို့အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့က နယ်စပ်ကင်းစခန်း၊ ရဲစခန်းတွေ ကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့၊ လူမျိုးသုဥ်းသတ်ဖြတ် မှု လို့ သမိုင်းတင်ခံရမယ့် လက်တုံ့ပြန်နှိမ်နှင်းမှု စစ်ဆင်ရေးကို စတင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန် ကာလဟာ အန်အယ်လ်ဒီပါတီက အစိုးရအဖြစ်နဲ့ တာဝန်ယူချိန်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ AA လက် နက် ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲတွေ မဖြစ်ပွားမီ ၁ နှစ်အလိုကာ လ လည်း ဖြစ်ပါတယ်။

Friday, August 25, 2023

ထိုင်း-မြန်မာနယ်စပ်အပါအဝင် နိုင်ငံအချို့တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် အခမ်းအနား ပြုလုပ်

Myanmar Pressphoto Agency
by MPA CJ012
Aug 25, 2023

ထိုင်း-မြန်မာနယ်စပ်အပါအဝင် နိုင်ငံအချို့တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် အခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှုသည် ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ၆ နှစ်ပြည့်ပြီဖြစ်ပြီး ယင်းနှစ်ပတ်လည်ပွဲ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်နေရာနှင့် ကနေဒါနိုင်ငံတို့အပါအဝင် နိုင်ငံတကာတွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဂျီနိုဆိုက် ၆ နှစ်ပြည့်ဆိုတာ သက်မှတ်ချက်အရပါ။ တကယ်တန်းက ၆ နှစ်မကပါဘူး။ ကျတော်တို့ သိရသလောက်ဆို ၁၉၄၂ ခုနှစ်နောက်ပိုင်းကာလတွေတည်းက စနစ်တကျ အစပျိုးလာခဲ့တာပေါ့။ အခုသိရသလောက်ဆိုရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့က ပူးပေါင်းပြီး ကြိုးစားနေတယ်လို့လည်း သိရတယ်။ ရိုဟင်ဂျာတွေဘက်ကလည်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ နေရပ်ပြန်ခွင့်ရချင်တယ်။ ဒါမျိုးတွေမရဘူး ဆိုရင်တော့ မပြန်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်”ဟု မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု (MMRF) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */