Showing posts with label ပြန်ဝင်လာ. Show all posts
Showing posts with label ပြန်ဝင်လာ. Show all posts

Thursday, October 26, 2023

မောင်တောကိုပြန်လာတဲ့ ရိုဟင်ဂျာကလေး လေးဦး ဖမ်းဆီး စစ်ဆေးခံရ

RFA
RFA Burmese
2023.10.26

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ နေရပ်ပြန်လာသောကြောင့် မောင်တောမြို့နယ်တွင် အဖမ်းခံခဲ့ရသည့် ရိုဟင်ဂျာလူငယ် လေးဦးကိုတွေ့ရစဥ်။ ရခိုင်နေ့စဥ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို ပြန်ဝင်လာတဲ့ အ သက် ကိုးနှစ်ကနေ ၁၆ နှစ်ကြား ရိုဟင်ဂျာကလေး လေးဦးကို အောက်တိုဘာ ၂၂ ရက်နေ့မှာ စစ် ကောင် စီ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့လေးဦးကတော့ အသက် ကိုးနှစ်အရွယ် မဆူဖီယာ၊ အသက် ၁၃ နှစ်အရွယ် မရူဖာမာ၊ အသက် ၁၄ နှစ်အရွယ် မဖူရုကျင်နာနဲ့ အသက် ၁၆ နှစ်အရွယ် မာမတ်အိုဝဲစ်တို့ဖြစ်ပါတယ်။

Thursday, April 2, 2020

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေ မောင်တောမှာ သီးခြားခွဲစောင့်ကြည့်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
02 ဧပြီ၊ 2020 
 
ရခိုင်ပြည်နယ်က ထွက်ပြေးသွားသည့် ဒုက္ခသည်တချို့။ (နိုဝင်ဘာ ၀၂၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းက မူဆလင်အယောက် ၈၀ ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှဖိုးခေါင် စခန်းမှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပြီး လက်ရှိ COVID-19 ရောဂါပိုးရှိ၊ မရှိ သီးခြားခွဲပြီး ဆေးစစ်မှု ခံနေရတဲ့ အကြောင်းသတင်းပေးပို့သွားမှာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */