Showing posts with label ရှမ်းပြည်နယ်. Show all posts
Showing posts with label ရှမ်းပြည်နယ်. Show all posts

Friday, December 1, 2023

ရှမ်းပြည်နယ်က မြို့နယ်ငါးခုနဲ့ နယ်စပ်ဂိတ်လေးခုကို သိမ်း ပိုက်နိုင်ပြီလို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.12.01 

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။The Kokang

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ချင်းရွှေဟော်၊ မုံးကိုးကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်း စတဲ့ မြို့နယ်ငါးခုအပြင် မြို့တချို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန် ဆိုင်းနဲ့ ကျင်းစန်းကျော့ဂိတ်တွေကို သိမ်းထားနိုင်ပြီလို့ မြောက်ပိုင်းသုံးဖွဲ့က ၃၅ ရက်ကြာ စစ်ရေး အ ခြေအနေကို ထုတ်ပြန်ပါတယ်။

Wednesday, December 18, 2019

ICJ အမှု ရင်ဆိုင်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို ရှမ်းပြည်နယ်လွှတ် တော်တွင် ရှုံးနိမ့်

DVB
17 December 2019
ခွန်ရာဇာ
အိုင်စီဂျေ တရားရုံးမှာ အမှုသွားရောက်ဖြေရှင်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့အဖွဲ့ကို ထောက်ခံကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်ရာမှာ ကန့်ကွက်သူ များလို့ ရှုံးနိမ့်သွားပါတယ်။

Sunday, February 24, 2019

မြန်မာ့လူ့အခွင့်အရေး EU လေ့လာအကဲခတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဖေဖော်ဝါရီ၊ 2019
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် အကဲ ဖြတ်တဲ့ EU ဥရောပသမဂ္ဂအဖွဲ့တွေရဲ့ မြန်မာပြည် ခရီးစဉ် ပြီးဆုံး သွားပါပြီ။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ မြန်မာ ပြည်ကို သွားရောက်လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ ဥရောပ သမဂ္ဂရဲ့ ပြည် ပရေးရာဌာနက အဆင့်မြင့်အရာရှိတွေရဲ့ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဥရောပကိုပြန်ရောက်လာပါပြီ။

Tuesday, February 12, 2019

MNDAA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

RFA
2019.02.11
ရှမ်းပြည်နယ် ကွမ်လုံမြို့နယ် မုံကျက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ နေရာ (ကတ်ကြေးပုံစံ)ကို ပြသထားတဲ့ မြေပုံကို တွေ့ရစဉ်

  
ရှမ်းပြည်နယ် ကွမ်လုံမြို့နယ်အတွင်း MNDAA ကိုးကန့်တပ်ဖွဲ့က ဒေသခံတွေကို အတင်းအဓမ္မ လူသစ် စုဆောင်းတာ၊ နယ်မြေကျော်လွန် လှုပ်ရှားတာတွေပြုလုပ်နေတာကြောင့် တပ်မတော်က နယ်မြေရှင်း လင်းတာတွေ ပြုလုပ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကိုပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */