" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နိုင်ဂျာနိုင်ငံ. Show all posts
Showing posts with label နိုင်ဂျာနိုင်ငံ. Show all posts

Saturday, August 19, 2023

နိုင်ဂျာ နိုင်ငံ ( Niger ) နှင့်လတ်တလောဖြစ်ရပ်များ။

ပထဝီအနေအထား
နိုင်ဂျာနိုင်ငံ၏ တရားဝင်အမည်မှာ နိုင်ဂျာသမ္မတနိုင်ငံ ဖြစ်ပြီး အနောက်အာဖရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ နိုင်ဂျာမြစ်ကို အစွဲပြု၍ မှည့်ခေါ်ထားသည်။ တောင် ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ နှင့် ဘီနင်နိုင်ငံ၊ အနောက်ဘက်တွင် ဘာကီးနားဖားဆိုနိုင်ငံ နှင့် မာလီနိုင်ငံ၊ မြောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ နှင့် လစ်ဗျားနိုင်ငံ၊ အရှေ့ဘက်တွင် ချဒ် နိုင်ငံ တို့ဖြင့် ဝန်းရံထားသည်။ နိုင်ဂျာနိုင်ငံသည် ဧရိယာ စတုရန်းမိုင်ပေါင်း ၁,၂၇၀,၀၀၀ ရှိသ ဖြင့် အနောက်အာဖရိကတွင် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ၈၀ ရာခိုင်နှုန်းသော မြေမှာ ဆာဟာရ သဲကန္တာရ ဖြစ်သည်။ နိုင်ငံ၏ လူဦးရေ ၁၅ သန်းခန့်မှာ တောင်ဘက်စွန်းပိုင်း နှင့် အနောက်ပိုင်း တွင်သာ အများစု နေထိုင်ကြသည်။ မြို့တော်မှာ နီယာမေမြို့ ဖြစ်သည်။

Thursday, November 26, 2020

မြန်မာကို တရားစွဲထားသည့် ဂမ်ဘီယာကို ငွေကြေးပံ့ပိုးရန် OIC အစည်း အဝေးတွင် တင်ပြမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးပြော

ရန်ကုန်ခေတ်သစ်မီဒီယာ
ရန်ကုန်၊ နိုဝင်ဘာ ၂၆

မြန်မာကို တရားစွဲထားသည့် ဂမ်ဘီယာကို ငွေကြေးပံ့ပိုးရန် OIC အစည်းအဝေးတွင် တင်ပြမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးပြော

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် တရား စွဲဆိုထားသည့် ဂမ် ဘီယာနိုင်ငံကို ငွေကြေးပံ့ပိုးရန် ၄၇ ကြိမ်မြောက် အစ္စလမ်နိုင်ငံများအဖွဲ့(OIC)၏ နိုင်ငံခြားရေး ဝန်ကြီးများအ စည်း အဝေးတွင် တင်ပြ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Addul Momen က ပြောဆိုလိုက်ကြောင်း သိရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */