Showing posts with label နိုင်ငံတကာ ရာဇဝတ်ဆိုင်ရာ တရားရုံး. Show all posts
Showing posts with label နိုင်ငံတကာ ရာဇဝတ်ဆိုင်ရာ တရားရုံး. Show all posts

Thursday, November 28, 2019

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်း

The Voice
28-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၇

နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင် ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံတကာ ရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ကို သမ္မ တ ရုံးက ဖွဲ့စည်းလိုက် ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအထူးအဖွဲ့သည် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက် နိုင်ရန်အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ဥပဒေ ကြောင်း အရ အကြံ ပြုနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Wednesday, November 20, 2019

နိုင်င်ငံတကာ တရားစွဲဆိုချက် ပြဿနာဖြေရှင်းပေးမှာ မဟုတ် ကြောင်း ဥပဒေပညာရှင် ထောက်ပြ

VOA 
ဗွီအိုအေ (မြန်မာဌာန
အင်ကြင်းနိုင်
20 နိုဝင်ဘာ၊ 2019  
 ပါကစ္စတန်နှင့် အိန္ဒိယကြား ICJ တွင် တရားရင်ဆိုင်သည့် မြင်ကွင်းတခု။ (ဇူလိုင် ၁၇၊ ၂၀၁၉) (ဓာတ်ပုံ - ICJ) 
 
နိုင်ငံတကာမှာ ဘယ်လို တရားစွဲဆိုမှုကနေမဆို ထွက်လာမယ့် ဥပဒေကြောင်းအရ စစ်ဆေး တွေ့ရှိချက် တ ခုဟာ ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာ သိရှိနားလည်ထားဖို့ သိပ်အရေးကြီးပါတယ်လို့ နိုင်ငံတ ကာဥပဒေရေးရာကျွမ်းကျင်သူ ဥပဒေ ပါမောက္ခတဦးက ဗွီအိုအေကိုပြောပါတယ်။

Tuesday, November 12, 2019

အိုအိုင်စီနိုင်ငံများက မြန်မာကို နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲ

DVB
12 November 2019
 လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးအပြစ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ် ဆို တဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အာဖရိကအနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) မှာ  နိုဝင်ဘာလ ၁၁ ရက်က တရားစွဲလိုက်ပါတယ်။

Monday, November 11, 2019

ICJ နိုင်ငံတကာတရားရုံးမှာ ဂန်ဘီယာ မြန်မာကိုအမှုစွဲတင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
11 နိုဝင်ဘာ၊ 2019
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်မှာ မြန်မာနိုင်ငံဘက်က လူမျိုးတုန်း သတ်ဖြတ်မှုကျုးလွန်တယ်ဆိုတဲ့ စွဲ ဆိုချက်နဲ့ ကုလသမဂ္ဂရဲ့ အမြင်ဆုံးတရားရုံးကို ဂန်ဘီယာနိုင်ငံက ဒီကနေ့ပဲ အမှုတင်သွင်းလိုက်ပါတယ်။ နိုင်ငံချင်းဖြစ်တဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ် အဆုံးအဖြတ်ပေးတဲ့ ICJ နိုင်ငံတကာခုံရုံးထံ အခုလိုအမှု တင်သွင်းရတာဟာ ထိတ်လန့်ကြောက်မက်ဖွယ် လုပ်ရပ်တွေကို ကမ္ဘာကြီးက လက်ပိုက်ကြည့် မနေဘူး ဆိုတာ ပြသချင်တာဖြစ်တယ်လို့ ဂန်ဘီယာ တရားရေးဝန်ကြီးက ပြောပါတယ်။ ကိုသားညွန့်ဦး က ဆက်ပြီး ပြောပြပါမယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */