RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-04
BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင် ကို တွေ့ရစဉ် Photo: RFA
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေရတဲ့အတွက် နိုင်ငံသားအဖြစ် အသိမှတ်ပြုဖို့နဲ့ လုံခြုံရေးအတွက် အာမခံရှိဖို့ လိုအပ်တာတွေ အပါအ၀င် တပ်မတော်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ အရေးယူဖို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအသင်းက ဦးဆောင်သူ ဦးထွန်းခင်က အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့တောင်အာရှရေးရာ ညွန်ကြားရေးမှူး Josh Cartin ဂျော့ရှ် ကာတင် ကို ဇူလိုင် ၃ ရက်နေ့ မနေ့က တွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။