" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကြေညာ. Show all posts
Showing posts with label ကြေညာ. Show all posts

Friday, November 24, 2023

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား လေးရက်ကြာအပစ်အ ခတ် ရပ်စဲရေး စတင်မည့်ရက်ကြေညာ

Myanmar Digital News
Nov 24,2023

ဂါဇာကမ်းမြောင်ဒေသတွင် လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကို ဒေသစံတော်ချိန် ယနေ့မနက် ၇ နာရီက စတင်မည်ဖြစ်ပြီး ယနေ့မှာပင် ဟားမတ်စ်တို့က ဂါဇာတွင်ဓားစာခံအဖြစ်ဖမ်း ဆီးထားသူအချို့ ကို လွှတ်ပေးမည်ဖြစ်ကြောင်း ကာတာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

Thursday, November 23, 2023

ဂါဇာမှာ ယာယီ အပစ်ရပ်မယ်လို့ အစ္စရေး ကြေညာ

BBC
၂၂ နိုဝင်ဘာ ၂၀၂၃

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့က နေရာ နှစ်နေရာမှာ "ယာယီ အပစ်ရပ်မယ်"လို့အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အဲဒီ အပစ်ရပ်စဲမှုကို ဒေသစံတော်ချိန် ၁၀ နာရီက နေ ၂ နာရီကြားမှာ ရပ်ထားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

Thursday, March 23, 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြန်လည်ဖွဲ့စည်း လိုက်ကြောင်းစောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန် ယူထားသည့် ALP ဗဟိုကော်မတီ ကြေညာ

ELEVEN MEDIA
21 March 2023



ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ရည်ရွယ်ချက်တူသူများနှင့် ခရီးဆက်နိုင်ရန် ပြန်လည်ဖွဲ့စည်းလိုက် ကြောင်း စောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူထားသည့် ALP ဗဟိုကော်မတီက ထုတ်ပြန်ကြေညာ ခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (ALP) လက်မှတ်ထိုးပြီးချိန်မှစ၍ ပါတီခေါင်းဆောင်ပိုင်းအချို့အကြား အမြင်မတူမှုများ သိသိ သာသာတိုးပွားလာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဝမ်းနည်းဖွယ်ရာ ဖြစ်ပေါ်လာ ခဲ့ပြီး မမျှော်လင့်ဘဲ ပါတီမှာ အသွင်နှစ်မျိုးဖြစ်လာခဲ့ကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

Saturday, June 6, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းအနီး ကော့ဘဇားဒေသကို ကိုရိုနာ ဗိုင်းရပ်စ် အနီရောင်ဇုန်အဖြစ် ကြေညာ

မဇ္ဈိမ
ဇွန် ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှ အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဘေးများ ကြောင့် ဒေသရှိ အချို့နေရာများကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ကြေညာပြီး ကော့ဘဇား အုပ်ချုပ်ရေး နယ် မြေကို လော့ဒေါင်းချလိုက်ပြီ ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */