" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အရပ္သား. Show all posts
Showing posts with label အရပ္သား. Show all posts

Thursday, August 22, 2019

တပ်မတော်ကို အရပ်သားအစိုးရအောက်ထားပြီး ပြု ပြင်ဖို့ FFM မစ်ရှင်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။
Screen shot: UN Web TV

မြန်မာနိုင်ငံမှာ တပ်မတော်၊ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အမျိုး သ မီးတွေနဲ့ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ထားတဲ့ဖြစ်ရပ်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFM က စုံစမ်းဖော်ထုတ်ထားတဲ့ အစီ ရင်ခံစာသစ်ကို မနေ့ကကြာသပတေးနေ့မှာ ထုတ်ပြန်ပြီး တရားမျှတမှုရဖို့ တောင်းဆိုလိုက်ပါတယ်။

Wednesday, April 10, 2019

မြောက်ဦး အခြေစိုက် ရဲတပ်ရင်းဌာနချုပ်ကို AA အဖွဲ့ က အင်အားသုံး တိုက်ခိုက်

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုကျော်သူ
2019-04-10

 ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်း ဌာနချုပ်ကို ၂၀၁၉၊ မတ်လက တွေ့ရစဉ်



ရက္ခိုင့်တပ်မတော် AA က အင်အား ၄၀၀ လောက်ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်း ဌာနချုပ်ကို ဒီကနေ့ မနက်ပိုင်းက အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။

Thursday, April 4, 2019

ဘူးသီးတောင်မှ အရပ်သားအများအပြား ပစ်ခတ်ခံရ

Myanmar NOW
By အောင်ငြိမ်းချမ်း
4/04/2019

 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်ခံရသည့် အရပ်သားတစ်ဦး မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေစဉ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဧပြီ ၃ ရက်နေ့က ရဟတ် ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ ဦးထက် မနည်း ဒဏ်ရာရပြီး သေဆုံးသူ တချို့ ရှိသည်ဟု ဒေသခံများကို ကိုးကားပြီး အမျိုးသား လွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ယနေ့ ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ကျည်ဆံထိမှန်သူတို့သည် စိုင်းဒင်ချောင်းအနီး ဝါးခုတ်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။

ရေချမ်းပြင်၊ သပြုချောင်း၊ သင်းတောင် စသည့် ရွာများမှ သေဆုံးသူ ၅ ဦးထက်မနည်း ရှိသည်ဟု ရေချမ်းပြင်ရွာ အုပ်ချုပ်ရေးမှူး ဂျီရာလ်မန်ထံမှ သိရကြောင်း ဦးမောင်ကျော်ဇံက ပြောသည်။

Friday, March 29, 2019

မြောက်ဦးပစ်ခတ်မှု အရပ်သား ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

VOA
ဗွီအိုအေ (မြန်မာဌာန)

နိုင်ကွန်းအိန်
ancient pagoda in Mrauk-U, Rakhine

မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှု တချို့ ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတဲ့အကြောင်း ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကပြော ပါတယ်။ ဒီကနေ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော်က ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တိုက် ပွဲဖြစ်တာလို့ ပြောပေမဲ့ AA အဖွဲ့ ကတော့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Friday, March 22, 2019

ဘူးသီးတောင်မြို့နယ်အတွင်း ပစ်ခတ်မှု အရပ်သား ၅ ဦးသေဆုံး ၂၀ ကျော်ဒဏ်ရာရ

VOA 
ဗွီအိုအေ (မြန်မာဌာန)  
22 မတ်၊ 2019

ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း 
 

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်းမှာ မတ်လ (၂၁) ရက် ကြာသပတေးညက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံရမှုကြောင့် ရွာသား(၅)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လူဦးရေ (၄၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */