ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့နှစ်ပတ်လည် ညီလာခံ ပထမနေ့ ဖွင့်ပွဲ အခမ်း အနားကို လူကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပြီးတဲ့နောက် UNHCR အဖွဲ့ မဟာမင်းကြီး Filippo Grandi COVID-19 ကူးစက်ခံရတယ်လို့ ပြောပါတယ်။ တနင်္လာနေ့ကစပြီး ဂျီနီဗာမြို့ မှာ တစ်ပတ်ကြာပြုလုပ်နေတဲ့ UNHCR အမှုဆောင် ကော်မတီအစည်းအဝေးကို လူကိုယ်တိုင် မတက်ရောက်တော့ဘဲ ဗီဒီယိုက တဆင့်သာ တက်ရောက်နိုင်တော့မယ်လို့ Filippo Grandi က အစည်းအဝေး တက်ရောက်သူတွေကို ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
Wednesday, October 7, 2020
Saturday, January 25, 2020
ICJ ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေး မဟာမင်းကြီးရုံး ကြိုဆို
25 ဇန်နဝါရီ၊ 2020
ကိုဉာဏ်ဝင်းအောင်
ICJ နိုင်ငံတကာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြိုဆို လိုက်ပြီး ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖေါ်ရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ မြန်မာအစိုးရကို ထပ်မံတိုက်တွန်း လိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီးတင်ပြမှာပါ။
Monday, September 9, 2019
နိုင်ငံတကာဖွဲ့စည်းလုပ်ဆောင်မှုတွေ မြန်မာပူးပေါင်းဖို့ ကုလမဟာမင်းကြီး တိုက်တွန်း
ဗွီအိုအေ (မြန်မာပိုင်း
09 စက်တင်ဘာ၊ 2019
Saturday, May 25, 2019
ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
နေပြည်တော် မေ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) တို့အကြား နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Thursday, May 23, 2019
ဒုက္ခသည်ဆိုင်ရာ ကုလမဟာမင်းကြီး နိုင်ငံတော်အ တိုင်ပင်ခံနဲ့ တွေ့ဆုံ
ဗွီအိုအေ (မြန်မာပိုင်း)
Wednesday, May 22, 2019
ကုလမဟာမင်းကြီးခရီးစဉ် ရခိုင်ဒေသ ဒုက္ခသည်တွေ ကြိုဆို
22 မေ၊ 2019
မဆုမွန်
ဒုက္ခသည်တွေနဲ့လူမှုအဖွဲ့တွေ တင်ပြချက် မြန်မာ အစိုးရနဲ့ ဆွေးနွေးမယ်လို့ မဟာမင်းကြီးပြော
လြတ္လပ္တဲ့ အာရွအသံ
2019-05-22

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ လုံခြုံတဲ့ အမိုးအကာရရှိရေးကိစ္စ အပါအဝင် လူသားချင်း စာ နာမှုဆိုင်ရာ အထောက်အပံ့တွေ အပြည့်အဝ ရရှိရေးအတွက် ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့ တွေနဲ့ ဒုက္ခ သည်တွေရဲ့ တင်ပြချက်ကို မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာမဟာမင်းကြီး Mr.Filippo Grandi က သူရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောခဲ့ပါ တယ်။
Tuesday, May 21, 2019
ကုလမဟာမင်းကြီး ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ
ဗွီအိုအေ (မြန်မာဌာန
21 မေ၊ 2019
မေခ၊ မဆုမွန်
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဘူးသီးတောင်တွင် စစ်ဘေးရှောင်များနှင့်တွေ့ဆုံ
နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၁/၂၀၁၉
မောင်တောကို ရောက်ရှိနေသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် မောင်တောမှ တစ်ဆင့် ဘူးသီးတောင်မြို့ ရန်အောင်မြေကျောင်းတိုက် စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး စစ်ဘေးရှာင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
ယမန်နေ့ မေလ ၂၀ ရက်နေ့ မောင်တောခရိုင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယနေ့တွင် ဘူးသီတောင် မြို့မှ စစ်ဘေးရှောင်စခန်း အပါအဝင် နေရာ ၂ ခုနှင့် မောင်တောမြို့နယ်တွင် ဖါးဝပ်ချောင်း တိုင်းရင်းသား ကျေး ရွာနှင့် ပန်းတောပြင် မူဆလင် စခန်းသို့ သွားရောက်ခဲ့သည်။
Monday, May 20, 2019
ကုလမဟာမင်းကြီး Fillippo Grandiရဲ့ရခိုင်ပြည် နယ်ခရီးစဉ်
Saturday, April 6, 2019
ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေကျေ တဲ့အပေါ် ကုလပြစ်တင်ရှုတ်ချ
Sunday, March 24, 2019
ကျွန်းပေါ် ရိုဟင်ဂျာဒုက္ခသည်ပြောင်းရွှေ့ရေးကုလ အရာရှိ ကြိုဆို
လွတ်လပ်တဲ့ အာရှအသံ
2019-03-23

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကို ဘာရှန်ချားကျွန်းကို ပြောင်းရွေ့မယ့်အစီအစဉ်ကို ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒုက္ခသည်အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး Volker Turk က ကြိုဆိုလိုက်ပါတယ်။
Wednesday, March 6, 2019
ရိုဟင်ဂျာဒုက္ခသည်ပြန်ရေး မအောင်မြင်မှု ကုလမဟာ မင်းကြီး စိုးရိမ်
သားညွန့်ဦး၊ 06 မတ်၊ 2019