Showing posts with label အဓမ္မပြုကျင့်. Show all posts
Showing posts with label အဓမ္မပြုကျင့်. Show all posts

Saturday, July 4, 2020

တပ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ရသေ့တောင် အမျိုးသမီး ပြောကြား၊ တပ်မတော် ငြင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-07-03

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မတော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန် တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

Tuesday, April 9, 2019

ဘူးသီးတောင် ပြင်ရှည်ကျေးရွာမှ အိမ်ထောင်ရှိအမျိုး သမီးတစ်ဦးကို စစ်သားတစ်ဦးမှ အတင်း အဓမ္မပြုကျင့် ရန် ကြိုးပမ်းမှု ဖြစ်ပွား

နိရဉ္စရာ
နိရဉ္စရာ၊ဧပြီ ၈/ ၂၀၁၉
သိန်းဇော်(မောင်တော)
                                    ( ဓာတ်ပု- ပြစ်မှုကျူးလွန်သူအား တပ်ရင်းသို့ အပ်ရန် ရွာသားများ ယူဆောင်လာစဉ်)
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာမှ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးအား စစ်သား တစ်ဦးမှ အတင်းအဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ ဒေါ်ခိုင်စောယဉ် အသက် (၄၀) နှစ်သည် ၄င်းတို့ စိုက် ပျိုး ထားသည့် သီးနှံစိုက်ခင်းထဲတွင် ရှိနေစဉ် ဧပြီလ ၇ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်ခန့်တွင် စစ်သား တစ် ဦး ရောက်ရှိ လာပြီး ၄င်းအား အတင်းအဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ ဒေါ်ခင်စော ယဉ် က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */