" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်-မြန်မာ. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်-မြန်မာ. Show all posts

Wednesday, January 17, 2024

ဘင်္ဂလားဒေ့ရှ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ ယူဂန်ဒါမှာ တွေ့ဖွယ်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၇ ဇန်နဝါရီ၊ ၂၀၂၄ 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) အစည်းအဝေး (အောက်တိုဘာ ၊၂၀၂၁) ဆားဘီးယားနိုင်ငံ

ယူဂန်ဒါနိုင်ငံမှာ ကျင်းပနေတဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟာဆန် မာမွတ် က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

Wednesday, March 15, 2023

နေရပ်ပြန်မယ့် ရိုဟင်ဂျာဒုက္ခသည်တချို့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ လိုက်လံတွေ့ဆုံ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.15

၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု။ 

 ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာမြို့ကို မတ်လ ၁၅ ရက်နေ့ကစပြီး တစ်ပတ်ကြာသွား ရောက်နေပါတယ်။

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ မရှိဘဲ နိုင်ငံတ ကာရဲ့ထောက်ခံမှုရဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေကို ဟန်ပြလာတွေ့တာလို့ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */