Showing posts with label တွေ့ဆုံမေးမြန်းခန်း. Show all posts
Showing posts with label တွေ့ဆုံမေးမြန်းခန်း. Show all posts

Friday, May 24, 2024

တင်းမာမှု တဖန်မြင့်တက်လာတဲ့ ရိုဟင်ဂျာပဋိပက္ခ

VOA
ဗွီအိုမေ မြန်မာပိုင်း
ငြိမ်းချမ်းအေး
တွေ့ဆုံမေးမြန်းခန်း
၂၄ မေ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ Ukhiya ဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ်လောင်ကျွမ်းပြီးတွေ့ရတဲ့ မြင်ကွင်း (မတ် ၅၊ ၂၀၂၃)

လတ်တလော အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့ ဖြစ်စဥ် အပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေက လူငယ်တွေကို စု ဆောင်းတာတွေ ဖြစ်နေပြီး ဒါကိုလည်း အာဏာပိုင်တွေက မျက်ကွယ်ပြုထားလို့ အခြေအနေတွေက ရှုပ်ထွေးနေတယ်လို့ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ ပညာရေးနဲ့ သုတေသန အလုပ်တွေ လုပ်နေတဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ လေ့လာသူတဦးက ဗွီအိုအေကို ပြောလိုက်ပါတယ်။ ရခိုင်က ကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ နှစ်ဘက် အသိုင်းအဝန်းရဲ့ ရှေ့အလားအလာတွေ အကြောင်းကို မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တခုကျော်ကြာ နေထိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပြည်သူ့ရေး ရာ ပညာရေးနဲ့ လေ့လာရေး အလုပ်တွေ လုပ်နေတဲ့ Jessica Olney ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။

Monday, March 9, 2020

ဂမ်ဘီယာ ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ VOA တွေ့ဆုံ မေးမြန်းခန်း

VOA

ဗွီအိုအေ (မြန်မာဌာန)
ဗွီဒီယို
မသိင်္ဂီထိုက်
09 မတ်၊ 2020
ရခိုင်ပြည်နယ်တွင်း အင်တာနက်ဖြတ်တောက်ထားတာက ICJ မှာ ကြားဖြတ် အရေးပေါ်စီမံချက်တွေ အ တိုင်း ဆောင်ရွက်မှု အခြေအနေကို ပထမဆုံးအစီရင်ခံစာ တင်ရတော့မယ့် မြန်မာအတွက် ကောင်းတဲ့ အ ချက်မဟုတ်ဘူးလို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Marie Tambadou က သတိပေးလိုက် ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် ပြောပြပါမယ်။

Link : Here

Friday, February 28, 2020

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးထွန်းခင်နဲ့ တွေ့ဆုံမေးမြန်း ခန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
 Feb 28, 2020
 
ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာဂမ်ဘီယာတနိုင်ငံတည်းပဲ မြန်မာကိုလူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ အမှုဖွင့်ထားတဲ့ကိစ္စမော်လ်ဒိုက်နိုင်ငံက ဂမ်ဘီယာကို အားဖြည့် ပူးပေါင်းပါဝင်လာတာဟာ ရိုဟင်ဂျာတွေတရားမျှတမှု ရရှိရေး ပိုပြီးအားကောင်းလာစေတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့က ရှုမြင်ပါတယ်။
 
Link : Here-

Saturday, January 25, 2020

အိုင်စီဂျေ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက်အပေါ် သုံးသပ်ချက် စကားဝိုင်း

DVB TV News
Jan 24, 2020

ဆွေးနွေးသူများ၊
(၁)  ဦးအေးလွင်၊ (ကိုဖီအာနန် ကော်မီရှင် အဖွဲ့ဝင်ဟောင်း)
(၂)  ဦးအောင်မျိုးမြင့်    ( ညီမျှခြင်းမြန်မာ - အမှုဆောင်ဒါရိုက်တာ )

Link     : Here

Friday, December 13, 2019

ICJ တရားရုံးရှေ့နောက်ဆုံးနေ့ စုဝေးပွဲများ

MIZZIMA TV
12 Dec 2019


မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု ICJ နိုင်ငံတကာ တရားရုံးက ကြားနာပွဲတွေ ကျင်း ပနေတဲ့ အချိန်မှာပဲ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ရိုဟင်ဂျာ လူ့အခွင့်အရေး အရေးလှုပ်ရှားသူတွေ ရိုဟင်ဂျာ ဆိုတဲ့ အသုံး အနှုံးကို လက်မခံတဲ့ မြန်မာအစိုးရကို ထောက်ခံသူတွေ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင် ဆန်းစုကြည်နဲ့အတူ သွေးစည်းညီညွတ်မှုကို ပြသတဲ့သူတွေ ICJ ရုံးရှေ့မှာ စုဝေးနေကြပါတယ်။ စုဝေးရောက်လာသူတွေထဲက ကန့်ကွက်သူ၊ ထောက်ခံသူ တချို့ကို ICJ တရားရုံး ရုံးစိုက်တဲ့ Peace Palace ငြိမ်းချမ်းရေး နန်းတော်ရှေ့မှာ VOA မြန်မာပိုင်း အစီအစဉ်က ကိုဝင်းခန့်မောင်က တွေ့ဆုံမေးမြန်းထား ပါ တယ်။
 

Link : Here

Monday, December 9, 2019

ချင်းတိုင်းရင်းသားတွေ ICJ ကိစ္စဘယ်လိုရပ်တည်ရမလဲ (အပိုင်း-၁) (အပိုင်း-၂ )

Zalen Media
2019-12-08
ချင်းတိုင်းရင်းသားတွေ ICJ ကိစ္စဘယ်လိုရပ်တည်ရမလဲ (အပိုင်း-၁)

 မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတဲ့အပေါ်မှာ အထူးသဖြင့်ချင်း တိုင်းရင်းသားတွေ ဘယ်လိုသဘောထားနဲ့ ရပ်တည်သင့်သလဲဆိုတာကို လူ့အခွင့်အရေး တက်ကြွလှုပ် ရှား သူတစ်ဦးဖြစ်တဲ့ မိုင်ချယ်ရီဇာဟောင်ကို Zalen Media ကမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။ 

 မေး။ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာ အစိုးရ နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပဲ တရားစွဲဆိုတာမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးပြည်သူတွေကို တရားစွဲတယ်လို့ပြောကြတာမှန်လာ။ 

Thursday, December 5, 2019

ဦးကျော်မင်းနှင့် MCN TV Channel တွေ့ဆုံမေးမြန်းခန်း။

MCN TV News Channel
05 ဒီဇင်္ဘာလ 2019

●အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံရတဲ့အပြင် နိုင်ငံတကာရဲ့ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာအရေးကို အတွေးအခေါ်ပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်ခွင့်ပြုရင် တပ်မတော်ကာ ကွယ် aရး ဦးစီးချုပ်သာမက အတိုင်ပင်ခံပုဂ္ဂိုလ်လည်း နိုဘယ်ငြိမ်းချမ်းဆု ထပ်မံရရှိလိမ့်မယ်လို့ ဒီအသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သူ ဦးကျော်မင်းက ပြောကြားလိုက်ပါတယ်။

● ဒါ့အပြင် နိုင်ငံတကာဖိအားတွေနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေမှာ အဲ့ဒီအသိုင်းဝိုင်းက အမှန်တ ကယ် ထောက်ခံပြီး တာဝန်ခံမှုနဲ့ ကိုယ်စားပြုစု အပြည့်အဝရှိတဲ့ သူတွေကို တန်းတူညီမျှစွာ အားလုံးပါဝင် ခွင့်ပေးခြင်းအားဖြင့်လည်း ပြည်တွင်းရေး ပြဿနာအဖြစ် ပြေလည်စွာဖြေရှင်းနိုင်မယ်လို့လည်းသူက ဆိုတာပါ။

Wednesday, December 4, 2019

ICJ တရားခွင်ကို ဘယ်လိုမြင်ပါသလဲ။ ဦးရွှေမောင်နှင့် တွေ့ဆုံ မေးမြန်းခန်း။

MCN TV 
News Channel
03.12.2019


ICJ တရားခွင်ကို နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးလာရောက် ဖြေရှင်းမယ်အပေါ် ထောက်ခံကြောင်းနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားဆိုရာမှာ လူတစ်စုကို ချန်လပ်ခဲ့တာမျိုး မဖြစ်ဖို့ အလွန်အရေးကြီးတယ်လို့ (ဘင်္ဂါလီ-မွတ်စလင်) "ရိုဟင်ဂျာ" အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောကြားလိုက်ပါတယ်။

● လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး စာချုပ် (Genocide Convention) ပါ အချက်တွေကို ချိုးဖောက် တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာက တရားစွဲဆို ထားတဲ့အပေါ် MCN သတင်း ဌာနက ဆက်သွယ်မေးမြန်းရာမှာ ဦးရွှေမောင်က ပြောကြားလိုက်တာပါ။

Monday, December 2, 2019

အိုင်စီဂျေမှာ ဂမ်ဘီယာကို မြန်မာက ဘယ်လိုခုခံချေပနိုင် ဖွယ် ရှိလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
02.12.2019
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာကိုတရားစွဲထားတဲ့အပေါ် ကြားနာ စစ်ဆေး မှုတွေ ကို လာမယ့်ဒီဇင်ဘာ ၁၀ ရက်မှာ စတင်တော့မှာပါ။ အဲဒီမှာ မြန်မာက ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်တွေ ကို ပြန် လည်ချေပခုခံဖို့ မြန်မာအစိုးရဘက်က နိုင်ငံတကာဥပဒေကြောင်းအရ ဘယ်လိုအချက်တွေထုတ် ဖော်တင် ပြနိုင်ဖွယ်ရှိပါသလဲ။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာနေတဲ့ ဥပဒေပညာ ရှင် အငြိမ်းစားပါမောက္ခ ဒေါက် တာမြင့်ဇံကို ဘီဘီစီအကြီးတန်းသတင်းထောက်စောရန်နိုင်ကတွေ့ဆုံ မေး မြန်းထားပါ တယ်။

Thursday, November 21, 2019

ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ နိုင်ငံတကာမျှော် လင့်ချက်တချို့က လက်တွေ့မကျဘူး

B B C
ဘီဘီစီ မြန်မာပိုင်း 
Nov 21, 2019

မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို နိုင်ငံတကာ ဖိအားပေးမှုက ဆက် တိုက်ဖြစ်ပေါ်နေပါတယ်။

ဗြိတိန်အစိုးရရဲ့ မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မူဝါဒ၊ ရပ်တည်ချက်က ဘာတွေပါလဲ။ဒီအကြောင်းအ ရာတွေကိုသိရဖို့မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် မစ္စတာ ဒန်ချပ်ဂ် Dan Chugg ကို ဘီဘီစီအကြီး တန်း သတင်း ထောက် စောရန်နိုင်က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။


ရိုက်ကူးတည်းဖြတ် - စံကျော်ထွန်း/ဘီဘီစီမြန်မာပိုင်

 

ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်နဲ့ သီးသန့်အင်တာဗျူး

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2019-11-21

မြန်မာအနေနဲ့ ရခိုင်မြောက်ပိုင်းကကိစ္စတွေကို ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို မကျူးလွန်ဘူး ငြင်းဆိုဖို့ခက်ခဲကြောင်း အမေရိကန်ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်ကနေ ဥပဒေ သိပ္ပံ ပါရဂူ ဘွဲ့ရထားတဲ့ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် က RFA နဲ့ သီးသန့် အင်တာဗျူးမှာ သုံးသပ်ပြ ထားပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဂမ်ဘီယာက ကမ္ဘာ့တရားရုံး ICJ မှာ စွဲဆိုတဲ့ အမှုကို သွားရောက်ရင်ဆိုင်ဖို့ရှိပါတယ်။


 

Link : Here

Tuesday, November 19, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့မြန်မာ့နိုင်ငံရေး ရှုပ်ထွေး နေသလား

အကုန်သိ
18 November 2019


မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေး အခင်းအကျင်း ၊ ဘင်္ဂါလီပြဿနာ ၊ ငြိမ်းချမ်းရေး အခက်အခဲ၊ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းကိစ္စ၊ တရုတ်နဲ့နိုင်ငံတကာ ဆက်ဆံရေး၊ ၂၀၂၀ ရွေးကောက်ပွဲ နဲ့တပ်မတော်အခန်းကဏ္ဍတို့ကို ပြည့်ပြည့်စုံစုံဖြေကြားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ဂျပန်သတင်းဌာန ယူမီယူရီရှင်ဘွန်းတို့သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ယူကျု့စာမျက်နှာကနေ ရယူဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။


Link : Here

Sunday, November 17, 2019

ဘင်္ဂါလီများ ပြန်လည်လက်ခံရေး ပိုမိုရှုပ်ထွေးလာဟု ဗိုလ်ချုပ်မှူးကြီးပြော

DVB
By DVB
17 November 2019
 ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ပြန်လည်လက်ခံရေးကိစ္စဟာ ပိုမိုရှုပ်ထွေးလာတယ်လို့ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန် The Yomiuri Shimbun သတင်းဌာနနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေအပေါ် ဘယ်လိုမျိုး ဖြေရှင်းဆောင်ရွက်ရမယ် ထင်လဲလို့ မေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

Wednesday, November 13, 2019

မြန်မာအရေး နိုင်ငံတကာခုံရုံးမှာ စီရင်ခွင့်ရှိလား

B B C
ဘီဘီစီ မြန်မာပိုင်း
Nov 12, 201

ရိုဟင်ဂျာတွေကို အစုလိုက်နှင်ထုတ်တယ်ဆိုပြီး မြန်မာကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ဥပဒေအရာရှိချုပ်က မြန်မာနိုင်ငံအပေါ်စွပ်စွဲချက်ပါဝင်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံအစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။ အဲဒီအဆိုပြုချက်ကို ကုလသမဂ္ဂကလည်း အတည်ပြု လိုက်ပါပြီ။ အဲဒီတော့ ICC က မြန်မာကို ဘယ်လိုစုံစမ်းမလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်နိုင်မလဲ။

Saturday, November 2, 2019

တပ်မတော် တာဝန်ခံမှုရှိရေးကြိုးပမ်းချက် အမေရိကန် ထောက်ခံ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မိုးမြင့်
2019-11-01

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တပ်မတော်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်နိုင်ရေး ကြိုးပမ်းချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တာဝန်ခံမှု တရားမျှတမှုဖြစ်ပေါ်လာရေး ဘယ်ကြိုးပမ်းချက်မဆို အမေရိကန်က ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က RFA ကို ပြောပါတယ်။

Thursday, October 3, 2019


VOA
 ဗွီအိုအေ (မြန်မာဌာန)
02 အောက်တိုဘာ၊ 2019 

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အစိုးရက ဘာ့ကြောင့် လက်မခံတာလဲ ဒီမေးခွန်းအပေါ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဘယ်လိုဖြေဆိုထားတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။

-
 

Link : Here

Wednesday, July 17, 2019

ရိုဟင်ဂျာတွေ NVC မလိုဘူးလို့ BHRN ခေါင်းဆောင် ပြောကြား

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-07-17


ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်မှုမြှင့်တင်ရေး ညီလာခံကို တက်ရောက်နေတဲ့ မြန်မာ လူ့အခွင့်အရေးကွန်ရက် အမှုဆောင် ညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း ကို လက်ရှိ ရိုဟင်ဂျာအခြေအနေ တွေနဲ့ ပတ်သက်ပြီး RFA ရုံးချုပ်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။ 

Link : Here

Monday, July 15, 2019

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနဲ့ ဘီဘီစီ အင်တာဗျူး

B B C
ဘီဘီစီ မြန်မာပိုင်း
၁၅ ရက် ဇူလိုင် ၂၀၁၉။
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်း နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာဘူဂနာ လာရောက်စဉ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ ရခိုင် စစ်ဘေးရှောင်တွေ အပေါ် အကူ အညီပေးရေး လွှတ် တော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်နဲ့ အေအေ တိုက်ပွဲ ဖြစ်ပွားနေမှု အပေါ် သူရဲ့ သဘော ထားနဲ့ ရိုဟင်ဂျာတွေ ပြန်လည် ခေါ်ယူရေးကိစ္စစတာတွေကို ဘီဘီစီက မေးမြန်းထားပါတယ်။

Friday, May 17, 2019

ကုလ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller နဲ့ VOA သီးသန့်တွေ့ဆုံမေးမြန်းခန်း

VOA  
ဗွီအိုအေ (မြန်မာဌာန
မခင်ဖြူထွေး
14 မေ၊ 2019


လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်း စာနာမှုအကူ အညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့မှာ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လို အပ် နေသေးတဲ့အကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး ချုပ် လည်း ဖြစ်၊ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ အာရ်ဆူလာမလာ က ပြောပါတယ်။ ဒီလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စစ်မူလာရဲ့ ခရီး စဉ် အတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိ ချက်တွေ ကိုတော့ မစ္စစ်မူလာကို မခင်ဖြူထွေးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */