" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စာအုပ်ထုတ်ဝေဖြန့်ချီ.. Show all posts
Showing posts with label စာအုပ်ထုတ်ဝေဖြန့်ချီ.. Show all posts

Tuesday, May 31, 2022

ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုစာအုပ် ထုတ်ဝေဖြန့် ချီတဲ့ လွင်ဦးစာအုပ်တိုက်ကိုစစ်ကောင်စီပိတ်သိမ်း

လူထုနွေဦး
မေ 31, 2022

စာအုပ်တိုက်ထုတ်ဝေခွင့်ကိုမေလ ၂၈ ရက်မှာ ရုတ်သိမ်းလိုက်ပြီး မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြုတာ ဖြစ် စေ ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်ဝေတာတွေ မထုတ်ဖို့ စစ်ကောင်စီကဆိုထား ပါ သေးတယ်။

ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတဲ့အကြောင်းစာအုပ်ကို တင်သွင်းထုတ်ဝေ ဖြန့်ချီရောင်းချတာကြောင့်လွင်ဦး စာပေကို ထုတ်ဝေခွင့်လိုင်စင်သိမ်းကာ စစ်ကောင်စီကစာအုပ်တိုက် ပိတ်သိမ်းလိုက်ပါတယ်။

Ronan Lee ရဲ့ MYANMAR’S ROHINGYA GENOCIDE စာအုပ်ကို လွင်ဦးစာပေ ဟာ တင်သွင်း၊ထုတ်ဝေ၊ဖြန့်ချီရောင်းချခဲ့ပြီးဒါဟာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဥပဒေပါ စည်းကမ်းချက်ကို ချိုးဖောက်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့သတင်းစာမှာဖော်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */