" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label အစိုးရ. Show all posts
Showing posts with label အစိုးရ. Show all posts

Friday, June 19, 2020

ICJ အစီရင်ခံစာကို လျှို့ဝှက်အဆင့်သတ်မှတ်ထားတယ်လို့ အစိုးရ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.19


မြန်မာအစိုးရဘက်က ICJ ထံ တင်သွင်းထားတဲ့ ပထမဆုံး အစီရင်ခံစာနဲ့ ပတ်သက်ပြီး အများပြည်သူက ပွင့်ပွင့် လင်းလင်း အသိမပေးတဲ့အတွက် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

Sunday, May 31, 2020

ရခိုင်ပြည်က မွတ်စလင် ဒုက္ခသည်တွေရဲ့ မြေနေရာမှာ ကျူး ကျော်သူတွေကို ရှင်းလင်းမယ်လို့ အစိုးရပြော


VOA
ဗွီအိုအေ (မြန်မာဌာန)
31 မေ၊ 2020
မဆုမွန်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကမ့်ပ်တခုအတွင်း ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၂)
၂၀၁၂ ခုနှစ် ရခိုင်ပြည် ပဋိပက္ခတွေနောက်ပိုင်း အိုးအိမ်စွန့်ခဲ့ရသူတွေရဲ့ အခက်အခဲ၊ အစိုးရဘက်က လက်ရှိ ဘာတွေဖြေရှင်းပေးနေလဲ၊ ဒုက္ခသည်တွေမှာရော ဘယ်လိုစိန်ခေါ်မှု အခက်အခဲတွေ ရှိနေသလဲ ဆိုတာတွေ ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခ တွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရ ပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။

Tuesday, February 25, 2020

ရခိုင်မှာ စစ်ရေးအရ မအောင်မြင်မှု အစိုးရကို တပ်မတော် လွှဲချဟု AA ပြော

ဧရာဝတီ
24 February 2020
ထက်နိုင်ဇော် 
၂၀၂၀ ဖေဖေါ်ဝါရီ ၂၄ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲ(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

မြန်မာ့ တပ်မတော်သည် ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အရေးနိမ့်နေသည်ကို ဖာထေးကာကွယ်ရန် အစိုးရ ၏ ပံ့ပိုးမှု မရှိ ဆိုသည့် သဘောဖြင့် အစိုးရကို လွှဲချလျက်ရှိကြောင်း ရက္ခိုင့် တပ်မတော် (AA) က စွပ်စွဲ ပြော ဆိုလိုက်သည်။

Sunday, November 24, 2019

ICJ အမှုမှာ အစိုးရဦးဆောင်မှုနောက် လိုက်နာမည်ဟု တပ်မတော်ပြောဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 နိုဝင်ဘာ၊ 2019
နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် အောက်တိုဘာ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ အောက်တိုဘာ ၂၄၊ ၂၀၁၉)

ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံးရဲ့ မြန်မာ့အရေး ကြားနာစစ်ဆေးမှုမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဦးဆောင်သွားရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းဆောင်ရွက် မှာဖြစ်သလို လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေနဲ့လည်း ပံ့ပိုးကူညီသွားမယ်လို့ တပ်မတော် ပြောခွင့်ရသူတွေက ထပ်လောင်းပြောဆိုပါတယ်။ တပ်မတော်အနေနဲ့ အစိုးရ ဦးဆောင်မှုနောက်မှာ လိုက် နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်မတော် စစ်ဥပဒေချုပ်ရုံးက ဗိုလ်ချုပ်သောင်းနိုင်က ဒီကနေ့ သတင်း စာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ICJ တရားစွဲဆိုမှု အစိုးရ၏ဦးဆောင်မှုအောက် လိုက်နာ ဆောင်ရွက်မည်ဟု တပ်မတော်ပြော

DVB
By DVB
24 November 2019
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ အစိုရရဲ့ဦးဆောင်မှုအောက် လိုက်နာဆောင်ရွက်မယ်လို့ စစ်ဥပဒေချုပ်ရုံးက ဗိုလ်ချုပ် သောင်းနိုင်က ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆို လိုက် တာပါ။

Friday, November 22, 2019

အစိုးရအဖွဲ့နဲ့ တပ်မတော် ကို တွေ့ဆုံပြီး ICJ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြဖို့ ရှိ

B B C
ဘီဘီစီ မြန်မာပိုင်း

22 နိုဝင်ဘာလ 2019

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ နေပြည်တော် က သမ္မတအိမ်တော် ငုရွှေဝါ ခန်းမ မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် တို့နဲ့ အတူ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်ရင်ဆိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြ သွားဖို့ရှိတယ်လို့ ဒီပွဲကို တက်ရောက်ဖို့ ရှိတဲ့ အစိုးရအဖွဲ့ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဘီဘီစီကို အ တည်ပြုပါတယ်။

Thursday, August 22, 2019

တပ်မတော်ကို အရပ်သားအစိုးရအောက်ထားပြီး ပြု ပြင်ဖို့ FFM မစ်ရှင်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။
Screen shot: UN Web TV

မြန်မာနိုင်ငံမှာ တပ်မတော်၊ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အမျိုး သ မီးတွေနဲ့ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ထားတဲ့ဖြစ်ရပ်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFM က စုံစမ်းဖော်ထုတ်ထားတဲ့ အစီ ရင်ခံစာသစ်ကို မနေ့ကကြာသပတေးနေ့မှာ ထုတ်ပြန်ပြီး တရားမျှတမှုရဖို့ တောင်းဆိုလိုက်ပါတယ်။

Wednesday, July 17, 2019

မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန် အစိုးရ အရေး ယူပြီ။

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ခု ဇူလိုင်လ ၁၇ ရက်။ 


မြန်မာ့ တပ်မတော်က ထိပ်ပိုင်း အရာရှိ ဗိုလ်ချုပ်ကြီး လေးယောက်ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲပြီး အရေးယူလိုက်တာ ဖြစ်ပါ တယ်။.

အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထား အရေးယူတဲ့ အထဲမှာ တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် လည်း ပါဝင်ပါတယ်။

Friday, July 12, 2019

ရခိုင်ပြည်နယ်အတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၂၅ သန်းထောက်ပံ့

DMG
ဝံသ(မောင်တော) | DMG


မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့အကြား ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ အိန္ဒိယက ရခိုင်ပြည်နယ် မှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်တာ ကာလ အတွင်းမှာ အမေရိကန် ဒေါ်လာ ၂၅ သန်းထောက်ပံ့ပေးမယ်လို့ သိရပါတယ်။


Thursday, July 11, 2019

စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရ ဖြေဖို့ ငြင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-11

                                     

စင်္ကာပူနိုင်ငံမှာ ရခိုင်အသင်း(စင်္ကာပူ)က ခြောက်ဦး ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး အနေနဲ့ တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောကြား လိုက်ပါတယ်။

Saturday, March 16, 2019

ကုလားတန်မြစ်တွင်း အစိုးရကုန်သင်္ဘော ပစ်ခတ်ခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန) 
ကုန်တင်ဇက်သင်္ဘော တိုက်ခိုက်ခံရပုံ (ဓါတ်ပုံ-စစ်ရှောင်အကူညီပေးရေး အဖွဲ့ဝင်တဦး)

မြန်မာနိုင်ငံ အနောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ ဒေသတွေမှာ ဒီရက်ပိုင်းတွေအတွင်း ပစ်ခတ်မှုတွေ ဆက်ဖြစ်နေလို့ ဒေသခံတွေ အထူးကြောက်ရွံ့နေကြပါတယ်။ စနေနေ့မှာ ချင်းပြည်နယ် ပ လက် ၀မြို့နယ်အတွင်း တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး အစိုးရပိုင် ကုန်တင်ဇက်သင်္ဘောဟာလက် နက်ကိုင်အဖွဲ့တဖွဲ့ ပစ်ခတ်တိုက်ခိုက် တာခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲကိုလည်း သောကြာ ညဘက်မှာ ပစ်ခတ်မှုတွေလုပ်ခဲ့လို့ မြို့ထဲ မှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီဒေသ အခြေအနေတွေကို VOA သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။


Friday, March 1, 2019

သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA က ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-01
ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်
လွတ်မြောက်လာစဉ်

                                                                                                                                                                                      
ရက္ခိုင့်တပ်မတော် AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချာ ဟ်ာနဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို ဖမ်းဆီးထားတဲ့ ၅ ရက်တာ ကာလအတွင်း AA အဖွဲ့က အုပ်ချုပ်ရေး မှူး ကို ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ကာယကံရှင်က RFA ကို ပြောပါတယ်။


/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */