Showing posts with label ကျောက်ဖြူတောင်. Show all posts
Showing posts with label ကျောက်ဖြူတောင်. Show all posts

Tuesday, July 30, 2024

မေယုတောင်တန်းသို့ အသက်စွန့်ပြေးခဲ့ရသည့် မွတ်ဆလင်များ

DMG
DMG ၊ အောင်မင်း ရေးသည်။
24 Jul 2024

စစ်ကောင်စီ၏ ဖိနှိပ်မှုအမျိုးမျိုးကို ကြုံတွေ့နေရသည့် ကျောက်ဖြူတောင်ဒေသခံများမှာ ရွာတွင်းနေထိုင်ရမှုကို တစ်နေ့တခြား စိတ်ပျက်လာချိန် တိုက်ပွဲများမှာလည်း ရွာအနီးသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။  

မြေမြှုပ်မိုင်းများ ထောင်ထားသည့် ကွင်းပြင်ကျယ်ကြီးကို မှောင်မိုက်နေသော ညဉ့်အချိန်တွင် ဖြတ်ကျော်နိုင်ခဲ့သည်မှာ “အံ့ဖွယ်ကံကောင်းမှုတစ်ခုပဲ” ဟု မွတ်ဆလင်အမျိုးသမီး မာရေဂျန်က ပြောသည်။

၈ လကျော်ကြာ သွားလာခွင့်ပိတ်ဆို့ခံထားရသော ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မာရေဂျန်က ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် စွန့်စားခန်းကို ပြန်ပြောပြနေခြင်းဖြစ် သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */