Showing posts with label ဒေါ်အေးနုစိန်. Show all posts
Showing posts with label ဒေါ်အေးနုစိန်. Show all posts

Friday, February 5, 2021

စစ်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ရေး ANP ဒေါ်အေးနုစိန် ဘာကြောင့် လက်ခံသလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ဝင်းမင်း
05 ဖေဖော်ဝါရီ၊ 2021
ရခိုင်အမျိုးသားပါတီ (ANP) အဖွဲ့ ပြောခွင့်ရ ဒေါ်အေးနုစိန်
 

စစ်အုပ်ချုပ်ရေးကောင်စီသစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) အဖွဲ့ ပြောခွင့်ရ ဒေါ်အေးနုစိန်ကို ထပ်တိုးထည့် သွင်းခဲ့တာကို လက်ခံခဲ့တာက၊ ဒီမိုကရေစီစံနှုန်းအရမရင့်ကျက်သေးချိန်မှာ၊ အရင်အစိုးရမဖော်ဆောင်နိုင်ခဲ့တဲ့ စစ်ဒဏ်ခံရခိုင်ပြည်သူအကျိုးစီးပွားအတွက်မျှော်မှန်းလုပ်တာသာ ဖြစ်တယ်လို့၊ ANP ပါတီ မူဝါဒရေးရာဦး ဆောင်ကော်မတီဝင် ဦးဦးလှစောက ဆိုပါတယ်၊ ကိုဝင်းမင်းကမေးထားပါတယ်။

Friday, January 24, 2020

အိုင်စီဂျေဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.24
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ဆုံးဖြတ်

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆို ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကုလသမဂ္ဂ တရားရုံး အိုင်စီဂျေက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ကို ဇန်နဝါရီ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

Sunday, June 2, 2019

ရခိုင်အရေး တာဝန်ယူဖြေရှင်းပေးဖို့ အစိုးရနဲ့ တပ်မ တော် ကို ANP တောင်းဆို

VOA  
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
02 ဇွန်၊ 2019
 ရခိုင်စစ်ရှောင်ပြည်သူများ (Rakhine Ethnics Congress )

တပ်မတော်နဲ့ AA လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲဖြစ်စဉ်တွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုတွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တာဝန် ယူ စုံစမ်းဖြေရှင်းပေးဖို့ ရခိုင်စစ်ရေးဖြစ်စဉ်တွေကို ကွင်းဆင်းလေ့လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီ စုံစမ်းရေး ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။ စစ်ဖြစ်နေတဲ့ ခြောက်မြို့နယ်ထဲက ဒေသတွင်း အရပ်သား ထိခိုက် သေဆုံးမှု၊ ရှေးဟောင်းအမွေ အနှစ်ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းတွေ့ရှိသမျှ အစီရင်ခံ စာတစောင် ထုတ်ပြန်အပြီး ANP စုံစမ်းရေးကော်မရှင်က တောင်းဆိုလိုက်တာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာပါ။

Wednesday, March 27, 2019

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု စာရင်း ANP ပါတီ ကောက်ယူ

RFA
လွတ်လပ်တဲ့ အာရှအသံ
မသက်စုအောင်
2019-03-27

  ရခိုင်အမျိုးသားပါတီ ANP ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဦးဆောင်တဲ့အဖွဲ့ မြောက်ဦးမြို့နယ်အတွင်း ကွင်းဆင်းစုံစမ်းစဉ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို ရခိုင်အမျိုးသားပါတီ ANP က ကောက်ယူနေတယ်လို့ သိရပါတယ်။

Wednesday, March 20, 2019

AA နဲ့ တပ်မတော်တို့ကြောင့် လူထုထိခိုက်သေဆုံးမှု တွေကို ANP စုံစမ်းမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-20
  ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ် 
 
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့က သမိုင်းဝင်ရှေးဟောင်း အမွေ အနှစ် ပျက်စီးမှုတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ ထိခိုက်နစ်နာတာတွေကို နိုင်ငံ တော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ တင်ပြဖို့ ရခိုင်အမျိုးသားပါတီ ANP က စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။

Tuesday, February 19, 2019

AA စွပ်စွဲချက်ကို တပ်မတော် တုံ့ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ
 

အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပုဂ္ဂလိကပိုင်းဆိုင်ရာနဲ့ ယာယီတာဝန်ကိစ္စတွေကလွဲပြီး စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ အရပ် သား ခရီးသည်တင်ယာဉ်တွေကို တပ်မတော်သားတွေ အသုံးပြုတာ မရှိဘူးလို့ တပ်မတော် သတင်း မှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */