လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
စောဖိုးခွား
2020-12-09
ဒီကနေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံ အဖြစ် ကမ္ဘာမှာ နာမည်ပျက်နဲ့ ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ပြည်တွင်းစစ် တိုက်ပွဲတွေအတွင်း တိုင်းရင်း သားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ တရား စီရင်ရေးမဏ္ဏိုင်ရဲ့ အားနည်းချက်တွေနဲ့ ကလေးသူငယ်တွေ အခွင့်အရေးဆုံးရှုံးမှုတွေဟာ မြန်မာနိုင်ငံမှာ အဓိ ကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အချက်ငါးချက်ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကပြောပါတယ်။