ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတခု
မြန်မာ့အရေး ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရှိကြောင်း ကုလသမဂ္ဂအရာရှိ ဟောင်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အစိုးရတွေရဲ့ ဆွေးနွေးဖြေရှင်းမှုတွေမှာလက်တွေ့အရေးယူဆောင်ရွက် တာတွေ မရှိသလို၊ မြန်မာနိုင်ငံက ကုလသမဂ္ဂရုံးဟာလည်း စစ်အာဏာပိုင်တွေ ကျေနပ်အောင်လုပ်နေ တဲ့ မအောင်မြင်တဲ့ ချဉ်းကပ်မှုတွေကို ထပ်လုပ်နေတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့“မြန်မာနိုင် ငံ အတွက် ကုလသမဂ္ဂက ဘယ်နည်းဘယ်ပုံ ပျက်ကွက်နေသလဲ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ မှာ ဖော်ပြလိုက်တာပါ။