" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မိုခါ မုန်တိုင်. Show all posts
Showing posts with label မိုခါ မုန်တိုင်. Show all posts

Wednesday, May 17, 2023

မိုခါ မုန်တိုင်းကြောင့် သေဆုံးသူ ၄၀ ဦး ထိ အတည်ပြုထားနိုင်

BBC
ဘီဘီစီမြန်မာပိုင်း
၁၆ မေ ၂၀၂၃

မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူအရေ အတွက်ဟာ အနည်းဆုံး ၄၀ ဦးထိရှိလာပြီလို့ ဘီဘီစီ က သီးခြားအတည်ပြုထားနိုင်ပါတယ်။

ဘီဘီစီက စုံစမ်းပြီး အတည်ပြုထားနိုင်တဲ့ စာရင်းအရ မေလ ၁၄ ရက် မနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အရေအတွက် ဒီကနေ့မှာ ဆက်သွယ်အတည် ပြုချက်တွေ အရ ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */