" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဝမ်ယိ. Show all posts
Showing posts with label ဝမ်ယိ. Show all posts

Monday, December 11, 2023

တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

ဧရာဝတီ
by အောင်ဇော်
11 December 2023

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ဘေဂျင်းတွင် ဒီဇင်ဘာလ ၆ ရက်က တွေ့ဆုံစဉ် / MOFA

စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အခြားဒေသများမှ စစ်မြေပြင်များတွင် အ ကြီးအကျယ် ရှုံးနိမ့်နေသောကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လွန်ခဲ့သောလ သို့မဟုတ် ထိုမတိုင်မီကပင် လွန်စွာ သိက္ခာကျနေသည်။ မြောက်ပိုင်းနှင့် အခြားဒေသများမှ တော် လှန်ရေး အင်အားစုများက ဖြစ်ပေါ်စေသည့် ထိုရှုံးနိမ့်မှုများသည် စစ်ကောင်စီအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်း ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အကြီးမားဆုံး စိန် ခေါ်မှုကို ဖြစ်စေသည်။

Tuesday, January 12, 2021

ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာအရေးဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
အောင်သိင်္ခ
2021-01-12

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်မှာ ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့


ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေး ကိစ္စကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ် ယိတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */