Showing posts with label ဦးမြင့်သူ. Show all posts
Showing posts with label ဦးမြင့်သူ. Show all posts

Wednesday, February 24, 2021

မြန်မာကုလသံအမတ်ကြီး ရာထူးက နုတ်ထွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 ဖေဖော်ဝါရီ၊ 2021
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ။ (အောက်တိုဘာ ၃၀၊ ၂၀၁၈)
 
ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ ရာထူးက နုတ်ထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

ဒီလို ရာထူးက နုတ်ထွက်စာတင်ပြီး မကြာခင်မှာပဲ သူ့ကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူတဲ့ နေရာရွှေ့ပြောင်းတဲ့စာလည်း ထွက်လာတယ်လို့ သိရပါတယ်။ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာတဲ့ နိုင်ငံခြားရေးဌာန ရုံးစာထဲမှာတော့ သံအမတ်ကြီး ဦးမြင့်သူကို နိုင်ငံခြားရေးဌာနရုံးကို ပြန်လည်ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Saturday, July 27, 2019

မြန်မာကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
27 ဇူလိုင်၊ 2019
မဆုမွန်
(သတင်းဓာတ်ပုံ - ဦးမောင်မောင် ရိုဟင်ဂျာဒုက္ခသည်)
 
မြန်မာနိုင်ငံက နေရပ်ရင်းတွေကို ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရင် နိုင်ငံသားအခွင့်အရေးပေးပြီး လုံခြုံရေး အာ မခံချက်ပေးဖို့ အပါအဝင် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည် စခန်းကို ဒီကနေ့ ရောက်ရှိလာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက တောင်းဆိုလိုက်ကြပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသူတွေ နေရပ်ပြန် လာနိုင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေရပ်ပြန်လာ ရေး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ သွားရောက် ရှင်းပြ

RFA
လွတ်လပ်တဲ့ အာရှအသံ  
2019-07-27
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP 
                                       
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို မနေ့ကရောက်ရှိပြီး ဒီနေ့မှာတော့ ကော့ဆက်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */