" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဟယ်လရီ. Show all posts
Showing posts with label ဟယ်လရီ. Show all posts

Tuesday, December 1, 2020

ဟီလာရီ ပြောသည့် ဒေါ်အောင်ဆန်းစုကြည် (HARD CHOICE) (နိဂုံး)

ယောနသံ
Hla Soewai
Dec 01 2020

၂၀၁၂ နိုဝင်ဘာလထဲတွင် သမ္မတ အိုဘားမား သည် မြန်မာပြည်ရှိ ‘တိုးတက်မှု အလင်းတန်း” လေးအား ကိုယ် တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ သမ္မတ အဖြစ် ပြန်လည် အရွေးချယ် ခံရ ပြီးနောက် သူ၏ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်သည်။ခရီးအတူတူ သွားဖြစ်ခဲ့သည့် နောက်ဆုံးခရီးစဉ်လည်း ဖြစ်ပေလိမ့်မည်။

ထိုင်းဘုရင်နှင့် အတူ သူ၏ ဘန်ကောက် ဆေးရုံသို့ အတူတူ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ကမ္ဘောဒီယား တွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ ခြောက်နာရီ ခရီးစဉ်အဖြစ် မြန်မာ သို့ ထွက်ခွာ လာခဲ့ကြ သည်။ သမ္မတသည် သိန်းစိန်နှင့်ကော အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံရန် ရှိပြီးရန်ကုန်တက္ကသိုလ်တွင်ကျောင်း သားများကို မိန့်ခွန်းပြောရန်လည်း စီစဉ်ထားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */