လွတ်လပ်တဲ့အာရှအသံ
မောင်သစ်ဆင်း(ဝါရှင်တန်ဒီစီ)
2023.02.08
၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့က အာချေးပြည်နယ်သို့ စက်လှေဖြင့်ရောက်ရှိခဲ့သည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။
အာရှ ပစိဖိတ်ဒေသအနေနဲ့ အဆင်သင့်အနေအထားမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်ထပ် ဒုက္ခသည် ဆိုင်ရာပြဿနာကတော့ လာလိမ့်ဦးမယ်လို့ ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဟာ အာရှ ပစိဖိတ်ဒေသတွင်းမှာ လူမှောင်ခိုနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု နိုင်ငံစုံကျော် ရာဇဝတ်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ Bali Process ခေါ် ဘာလီ လုပ်ငန်းစဉ် စတင်ခဲ့တာ နှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ သက်တမ်းကြာရှည်ခဲ့တာဖြစ်သော်လည်း မူဝါဒပိုင်းဆိုင်ရာ အလေးအနက်ဆွေးနွေးမှု၊ စွမ်းဆောင်ရည် ထူထောင်မှု၊ ဘာလီ လုပ်ငန်းစဉ်ရဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်း စတာတွေမှာ ထူးထူးခြား ခြား ရယ်လို့တော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။