ဗွီအိုအေ (မြန်မာဌာန)
14 ဒီဇင်ဘာ၊ 2019
ကိုအောင်လွင်ဦး
ကိုအောင်လွင်ဦး
ဒီဇင်ဘာ ၁၄၊ ၂၀၁၉ - ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးအောင် လုပ်ရာရောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် The Hague မြို့က နိုင်ငံတကာ တရားရုံးမှာ သွားပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဖြစ်ခဲ့ တာတွေဟာ လူမျိုးတုံးအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်းနဲ့ ရှိခဲ့ရင်လည်း လူသားချင်းစာ နာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး သဘောတူညီချက်တွေနဲ့သာ အရေးယူနိုင်တယ် ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ လျှောက်လဲချက် ပေးတဲ့အချိန်မှာ ပြောခဲ့တာပါ။